- လက်ဝဲရဲတိုင် ၊ ရာဇတမန် မြင်းတပ် ၂ တပ် ၊ ဆင်တပ်မှာ နန္ဒကျော်ထင် ၊ ဗညားပရံ ၊ နန္ဒသူရိယ ၊ ဗညားသံလိုက် ၊ ဘယ ဂါမဏိ ၊ ဗညားဒလ ၊ ဘယကျော်သူ ၊ သားတော် အိမ်ရှေ့မင်း ၊ တပ် ၈ တပ် ၊၊ စုစုပေါင်း ၁၀ တပ်... တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် လက်ယာစစ်ကြောင်း ။
- တုရင်ရာဇာ ၊ နန္ဒသိန်းစည်း မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ ဘယကျော်ထင် ၊ သမိန်ရဲသင်ရံ ၊ မင်းရဲကျော်ထင် ၊ ဗညားကျန်းတော ၊ သရေစည်သူ ၊ သမိန်သံကျယ် ၊ နန္ဒသင်္ကြန် ၊ ညီတော် တောင်ငူဘုရင် မင်းခေါင် ၊၊ စုစုပေါင်း တပ် ၁ဝ တပ်တွင် တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲရှစ်သောင်းနှင့် လက်ဝဲစစ်ကြောင်း ။
- တုရင်ဗလ ၊ ဘယရာဇသူ မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ ရာဇသင်္ကြန် ၊ သမိန်ယိုကရတ် ၊ နန္ဒကျော်သူ ၊ အဲမွန်ဒယာ ၊ လက်ဝဲနန္ဒမိတ် ၊ သမိန်ဇိပ်ပွန် ၊ မင်းမဟာ ၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ ၊၊ စုစုပေါင်း တပ် ၁ဝ တပ်တွင် ပါသည့် တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် အလယ်စစ်ကြောင်း ။
- တုရင်ဗလ ၊ လက်ယာယောဓာ မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ နေမျိုးကျော်ထင် ၊ သီရိဇေယကျော်ထင် ၊ မိုးညှင်း စော်ဘွား ၊ မိုးကောင်းစော်ဘွား ၊ မိုးမိတ်စော်ဘွား ၊ အင်းဝဘုရင် သတိုး မင်းစော ၊၊ စုစုပေါင်း တပ် ၈ တပ်တွင်ပါသည့် တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် ဆင်ခေါင်းမှ ချီစေ၍ သုံးဆယ် ၊ သီပေါကို ချီရသည်။
- ဘုရင့်နောင်က လက်ယာရဲတိုင် ၊ လက်ဝဲဘယ ၊ စတုရင်္ဂသူ ၊ တုရင်သိဒ္ဓိ ၊ မြင်းတပ် ၄ တပ် ။ ဆင်တပ်မှာ နန္ဒကျော်ထင် ၊ သမိန်လကွန်းအိန် ၊ သီဟပတေ့ ၊ သမိန်အဲဗြပိုက် ၊ ဘယသင်္ကြန် ၊ သီရိဓမ္မရတ် ၊ လက်ယာရန္တသူ ၊၊ ထို့နောက် တိုက်ဆင်နှစ်ရာကို စော်ဘွားစော်ကန်၊ မှူးပျို့၊ မတ်ပျို၊ ဆင်စီး လိမ်မာသသူတို့ကို စီးစေ၍ လက်ဝဲလက်ယာ ။ ကိုယ်ရံ တော် မြင်းနှစ်ထောင် ။ ဝင်းတော် လေးမျက်နှာ သားလည်း ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလှံနှင့်ချည်း လိုက်ရသည်။ မြင်းတပ်လေးတပ်နှင့်တကွ တပ်ပေါင်း တစ်ဆယ့်နှစ်တပ်တွင်ပါသည့် တိုက်ဆင်ငါးရာ၊ မြင်းခြောက်ထောင်၊ စစ်သည်သူရဲ တစ်သိန်းငါးသောင်း" ပါသည့် တပ်မတော်တွင် သက်ရှည်ကျော်ထင် တပ်မှူး၊ ရာဇယောဓာကို စစ်ကဲခန့်တော်မူသည်။
ဟံသာဝတီ နေပြည်တော်အား မင်းရဲသင်္ခယာနှင့် ဗညားပရူတို့ကို တာဝန်ပေးသည်။
ပုသိမ်၊ မြောင်းမြ အစရှိသော မွန်ပြည်တစ်လွှား၏ လုံခြုံရေးကို သီရိဇေယျနော်ရထာနှင့် ဗညားလောကို တာဝန်ပေး၏ ။ မုတ္တမ၊ မော်လမြိုင် အစရှိသော မွန်ပြည် အရှေ့ တစ်လွှားကိုလည်း ဗညားဦးနှင့် စတုဂါမဏိ တို့ တာဝန် ။
သက္ကရာဇ် ၉၁၉ ခု၊ တန်ဆောင်မုန်းလဆန်းငါးရက်၊ ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်သည် ။ ၁၁ ရက်အကြာ တောင်ငူရောက်၏ ။ ဆက်လက်ပြီး ဗာရာဏသီ၊ ကသာ၊ လှိုင်းတက် ထိ ၁ဝ ရက် ။ လှိုင်းတက်မှ ကင်းတားရွာငံကြောင်း ၊ ရွာငံမှ စ၍ စစ်ကြောင်းများ ခွဲပြီး ချီတက်ကြပါတယ် ။
မိုးနဲစော်ဘွားလည်း ဘုရင့်နောင် လာနေကြောင်း သိတာနဲ့ မိုးဗြဲ ၊ စကား ၊ နောင်မွန် မြို့စားတို့ကို ရပ်စောက်စော်ဘွား နှင့်အတူ ရပ်စောက်မြို့၌ ခံစစ်ပြင်ထားစေပါတယ် ။ ဘုရင့်နောင်ရဲ့ တပ်မကြီးက နာစုံတောင် တွင် တပ်ချ၍ နေသည် ။
ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာရဲ့ တပ်က ပထမဆုံး ရောက်လာပြီး ရပ်စောက်သို့ တခါတည်းတိုက်ဖို့ ဒရကြမ်းချီတက်ပါတော့တယ် ။ ရပ်စောက်ကနေ စောင့်နေတဲ့ မိုးဗြဲစား ၊ စကားစား ၊ ရပ်စောက်စား ၊ နောင်မွန်စားတို့ကတော့ သတိုးဓမ္မရဲ့ မြင်းခွာသံကြားတာနဲ့ပဲ မြို့ထဲက ထွက်ပြေးကြပါတော့တယ် ။ ပြည်ဘုရင် သတိုးဓမ္မရာဇာလည်း ပြေးကြောင်းကိုသိတာနဲ့ အလွတ်မပေးပဲ အပြင်းအထန် လိုက်ပါတယ် ။ ပြေးရင်းနဲ့ မိုးနဲတောင်ခြေရင်းသို့ ရောက်လျှင် မိုးဗြဲစား၊ စကားစားတို့လည်း ဆင်၊ မြင်းကို ပစ်၍ မိုးနဲသို့တိုင် ထွက်ပြေးကြပါတယ် ။ တိုက်ပွဲ မဆင်နွဲရပဲ ပစ်ခဲ့သော ဆင်၊ မြင်း၊ လူသူတို့ပင် မနည်းရခဲ့ပါတယ် ။
စစ်လေးကြောင်းလုံး ဘုရင့်နောင်ဆီ ပြန်ပေါင်းမိကြပါပြီ ။ ဘုရင့်နောင်က ညီတော်၊ သားတော် တို့ အကုန်ရောက်တာနဲ့ နာစုံတောင်သို့ စစ်ငါးကြောင်းဖြန့်၍ ချီတက်ပါတယ် ။
ဒီတကြိမ်တော့ မိုးနဲစော်ဘွားလည်း ဆင်၊ မြင်း၊ ဗိုလ်ပါအများနှင့် ဆီးကြိုနေပေပြီ ။ ဒီတကြိမ်မှာလည်း ပြည်ဘုရင် သတိုးဓမ္မရာဇာ ရှေ့ဖျား မြင်းတပ်နှင့် တောင်ကြားထဲမှာ ထိတွေ့တိုက်ပွဲ စတင်လိုက်ကြပုံက......
ကိုရွှေမျိုးဝင်း