နိုင်ကြက်ဖြစ်နေတဲ့ သတိုးမင်းစောတို့ ညီအကိုလည်း တိုက်ဆင်တွေကို ချွန်းကုန်ဖွင့် အားချင်းလိုက်တိုက်ကြပါတော့တယ် ။ ခွာစစ်မှာ စစ်ခြေဖနောင့် အနင်းခံရသလို ဖြစ်ကာ စော်ဘွားတို့ တပ်ပျက်ရပါတယ် ။ အများအပြား သေဆုံးကြရပြီး တိုက်ဆင် ၇ စီး ၊ မြင်း ၃၀၀ ကျော် နဲ့ လူ ၃၀၀၀ ကျော် ဖမ်းဆီးခံရတဲ့ အထိ ဆုံးရှုံးခဲ့ရပါတယ် ။
မြေဒူးကို အလုံးစုံသိမ်းပိုက် ပြီးချိန်ကြမှ ဘုရင့်နောင်ရဲ့ တပ်မကြီး ရောက်ရှိလာပါတယ် ။ မြေဒူးမှာ တပ်ချနားပြီး ညဘက်မှာ အစည်းအဝေးခေါ်ပါတယ် ။ ဘုရင့်နောင်က..
" ကဲ ငါတို့လည်း ယခု ဗမာပြည်ကို အလုံးစုံ သိမ်းပြီးပြီလို့ ဆိုနိုင်ပေပြိ ၊ မိုးကောင်း မိုးညှင်း ကလေး အထိ ငါတို့ ဆက်လိုက်ကြမလား... သိမ်းပြီးတဲ့ နယ်မြေတွေကို ခိုင်လုံအောင်စီမံပြီး ဟံသာဝတီပြန် အင်အားစုကြမလား အကြံပေးကြ ''
ထိုအခါ သီရိဇေယျနော်ရထာက..
" ယခု မိုးနီးနေပါပြီ ရှမ်းနယ်မြေက ချောင်းမြောင်း တောင် ကမ်း ပေါများပြီး ဆင် မြင်း တို့အတွက် ခြေကုန်မထုတ်သာဘူး ၊ ဒါကြောင့် ယခု နေပြည်တော်ပြန်၍ ဆင် မြင်း လက်နက် ဗိုလ်ပါ ရိက္ခာစုဆောင်းသင့်ပါတယ် မိုးကုန်မှ နောက်တကြိမ်လာတိုက်ရင်လည်း စော်ဘွား ၃ ဦး ပြေးမလွတ်ပါဘူး ''
ထိုအခါ ဗညားဒလက....
" ယခု သီရိဇေယျနော်ရထာရဲ့ အကြံဟာ သင့်မြတ်လှပါတယ် ၊ ရှမ်းတို့ရဲ့ လက်ရည် ကျွန်တော်တို့ သိပြီးသလို ရှမ်းတွေလည်း ဗမာ့လက်ရည် သိနေကြပါပြီ ပွင့်လင်းရာသီမှ နောက်တကြိမ်လာရင်လည်း ရှမ်းတို့ ပြေးမလွတ်နိုင်ပါ ''
" မင်းတို့ လျှောက်တင်တာ သဘာဝကျတယ် ဒါပေမယ့် ငါ ကိုယ်တော်ကတော့ ရန်သူကို တရက် တမနက်တောင် အသက်ရှင်ခွင့် မပေးချင်ဘူး... ရန်သူကို မွေးထားရတာ ကိုယ့်ပြည်သူကို ဒုက္ခပေးတာနဲ့ အတူတူ ပဲ...... ဒီတော့..''
ကိုရွှေမျိုးဝင်း
1
465
137
3
1
1
465
137
3
1
1August 29, 2026 7.4K 13 18