ရောက်တတ်ရာရာ
==============
" ငမျိုးရေ ငပိန်းဖမ်းနေတဲ့ ဗန်းမော် ကိစ္စ ရေးအုံး ဟ ''
" ကိုယ့်ဘက်က လူတွေ ရေးနေကြပါတယ်ဗျာ အခုဆို သင်္ဘောသားတွေက မြို့ပေါ်တက် အရက်သောက်နေရောပေါ့ ''
" အေးကွ အလံဖြူ ထောင်တာရော...စစ်သင်္ဘော သိမ်းပိုက် ဖောက်ခွဲတာရော လိုတိုရှင်းတော့ ပြောအုံး ''
" သင်္ဘောတစင်း စက်ပျက်တယ် အချိန်မှီ ရှေ့တက်ဖို့ စွန့်ခဲ့ကြတယ် အဲဒီ သင်္ဘောပျက်ကြီး ဗန်းပြ အမျိုးမျိုး ကြွားဝါကြတယ်.. နောက် ရွှေခိုးကျင်နေတဲ့ ရွှေသူခိုးတွေ မနေရဲလို့ ထွက်ပြေးကြတယ်. လူတရာလောက် အလံဖြူထောင်ပြီး သွားကြတယ် အဲဒါကို ဂျင်းထပ်ထည့်ပြီး လေလှိုင်းထဲက အောင်ပွဲခံပြကြတယ် အဖြစ်က အဲဒါပဲ ''
" သင်္ဘောတွေကလည်းကွာ စစ်သင်္ဘောသာဆိုတယ် စုတ်ပျက်နေတာပဲ ''
" တိုက်ခိုက်ရေး သင်္ဘောအစစ်တွေမှ မဟုတ်တာဗျာ ဘေးက သဲအိတ်တွေ ၊ တာယာတွေ အပြည့်ကာထားတာကိုး အမြင်လှဖို့ထက် လုံခြုံရေးက အဓိကကိုး...မြစ်ကျဥ်း မြစ်ကွေ့တွေမှာ အန္တရာယ်များတယ်လေ... ဒါတောင် လေတပ်က အုံနဲ့ကျင်းနဲ့ ဆော်နိုင်လို့.... ''
" နေပါအုံး ဒီသင်္ဘောကိစ္စ ဒီလောက် လှုပ်ခတ်နေတာ ဘာလို့လဲ ကွ.... ''
" အင်းးးသင်္ဘောတွေက ဗန်းမော်ကို အပျင်းပြေသွားကြတာ မဟုတ်ဘူး... ဘာတွေ ပါသွားသလဲဆိုတာ ပြောလို့မရဘူး သေချာတာက KIA တို့အတွက် သေမင်းတမန်တွေ သယ်သွားတယ်လို့သာ အကြမ်းဖျင်း သိထားတော့ဗျာ.. မကြာခင် မင်္ဂလာသတင်း ကြားရလိမ့်မယ်လို့ ပြောချင်တယ်ဗျ ''
" ဒါများကွာ ပြည်ဖျက်မီဒီယာတွေက ဝိုင်းပြီး အောင်ပွဲခံနေလိုက်တာ မြင်မကောင်းဘူးကွာ ''
" အဲဒါကိုက ဒီကောင်တွေရဲ့ ကျရှုံးခန်းကို ပြနေတဲ့ အနေအထားလေ... နော်ဘူကိုယ်တိုင် သူတို့ဆီ သတင်းမရောက်လာသေးပါဘူး ပြောနေတာကိုပဲ တွင်တွင်ကြီး နိုင်ပြနေတာ လေ... အလှူခံစားဖို့ ဂွင် ဆိုပြီး ဝိုင်းလိမ်နေကြတာပေါ့ ''
" အေးကွ ရခိုင်သတင်းကော ဘာကြားသလဲ.. ''
" စစ်သင်္ဘောကြီး ၃ စင်းကနေ အမြောက်တွေနဲ့ ထုနေလို့ ဆိုပြီး အော်နေကြတယ် အဲဒါ ရခိုင်မီဒီယာတွေက အော်နေကြတာ သေချာတယ် အထိနာလို့ အော်တယ်ဆိုတာ ''
" အင်း ဗန်းမော်သင်္ဘောသတင်းကြောင့် ရခိုင်စစ်သင်္ဘောသတင်းတောင် ငုတ်နေသလိုပဲဟေ့.... ကဲ ကရင်ဘက်ကောကွ ''
" မင်းလက်ပံကို ဝိုင်းပိတ်တွယ်လို့ ရနေပြီ... မတွယ်ဘူး လာကူတဲ့ ကောင်တွေပဲ သုတ်နေတယ် ကြည့်ရတာ လိုက်ရှာပြီး တိုက်ရတာ အချိန်ကုန်လူပမ်းလို့ ထင်တယ် မင်းလက်ပံကို တည်ကြက်လုပ် တွယ်နေပုံပဲ... ကိုယ်တွေက အရပ်သားဆိုတော့ စစ်ပရိယာယ် နားမလည်ဘူး ခန့်မှန်းကြည့်ရတာလေ ''
"OK ဗန်းမော် သတင်းမင်းမပြောလို့ မေးကြည့်တာ ခုခေတ်က AI ခေတ်ဆိုတော့ အလိမ်ခံရမှာစိုးလို့ကွ ''
ကိုရွှေမျိုးဝင်း
1
523
142
9
4
3
2
523
142
9
4
3
2September 3, 2026 3.8K 11 18