အနာဂါတ် သမိုင်းသာ အဓိက
======================
မိတ်ဆွေတချို့က ပြောတယ် ခင်ဗျား..ဗျာ သမိုင်းတွေ အရှည်ကြီး ရေးနေတာ မပင်ပန်းဘူးလားတဲ့ ။ ပင်ပန်းတာပေါ့ဗျာ.... ဘာမှ မစဥ်းပဲ အခု ကျုပ်ရေးတဲ့စာပဲ ခင်ဗျား ပြန်ရိုက်ကြည့်လေ စာရိုက်ရလို့ လက်ဖျားလေးတွေ ထုံကြင် လာလိမ့်မယ် လို့ ပြောမိတယ် ။ ဒါပေမယ့် ရေးသင့်တယ်ထင်လို့ ကျနော်ရေးနေတာပါ ။
လတ်တလော ရေးနေတဲ့ သမိုင်းကိုကြည့်ပါ...မိုးညှင်းစလုံကို ရှုံးပြီး တိုင်းပြည်ပေးလိုက်ရတဲ့ အင်းဝဘုရင် နရပတိ အသုံးမကျတဲ့အကြောင်း သူအုပ်စိုးစဥ်က ဘယ်မှူးမတ် ဘယ်ပညာရှိကမှ ထုတ်မပြောဘူး... ဟော ဒင်းလည်း မရှိရော ရေးလိုက်ကြတာ ၁၅ ရာစုက စောက်သုံးမကျတဲ့ မင်းအကြောင်း အခု ၂၁ ရာစုထိ ပုံစံအမျိုးမျိုး နဲ့ ရေးနေကြတာလေရဲ့ ။
မင်းကြီးညို ၊ တပင်ရွှေထီး ၊ ဘုရင့်နောင် ၊ မင်းကြီးရန်နောင် တို့လို ခေါင်းဆောင်ကောင်းတွေရဲ့ ကောင်းသတင်း အမွှေးရနံ့တွေကရော ၁၅ ရာစုကနေ အခု ၂၁ ရာစုအထိ မွှေးပျံ့နေအောင် လက်ဆင့်ကမ်း သယ်လာကြရတာပဲ လေ ။
ဖဆပလ ဒါးထက်နေချိန် ၁၉၄၈ - ၁၉၆၂ အထိ ဦးနုမကောင်းကြောင်း အတိုက်အခံအချို့ကလွဲရင် ဘယ်သူမှ မပြောဘူး ...အာဏာလည်း မရှိရော ရသမျှရှုဒေါင့်မျိုးစုံကနေ အပုပ်ချတော့တာပဲ ။
ဦးနေဝင်းလည်း ဒီအတိုင်းပဲ ၁၉၆၂ ကနေ ၁၉၈၈ အထိ သူ့မကောင်းကြောင်း ပြည်ပကနေ အော်ရုံပဲ တတ်နိုင်ကြပြီး ၈၈ နောက်ပိုင်း အာဏာလည်း မရှိရော ရစရာမရှိအောင် ပြောလိုက်ကြတာ သူ့ရဲ့ ကောင်းမြတ်တဲ့ ဂုဏ်တွေတောင် လူမသိ သူမသိ ဖြစ်ကုန်ရတာပဲ ။ ဒါကြောင့် သူကောင်းတာလေးတွေ ဂုဏ်ပြုသင့်တယ်ထင်လို့ ဖော်ထုတ်တယ် ။
ဦးသန်းရွှေ ၁၉၈၈ ကနေ ၂၀၁၁ အထိ ပြည်ပကနေအပုပ်ချ လေကျယ်ရဲပေမယ့် ပြည်တွင်းမှာတော့ အဘ အဘ နဲ့ ဘောမနေတဲ့သူတွေ ရေတွက်မရဘူး ။ သူလည်း အာဏာစွန့်သွားရော ၂၀၁၂ လောက်ကနေ ပြောလိုက်ကြတဲ့ မကောင်းကြောင်း ပြည်တွင်း ပြည်ပ မွထနေတာပဲ ။ သူလည်း သူ့ဆရာ ဦးနေဝင်းလိုပဲ ကောင်းမြတ်တဲ့ သူ့လုပ်ရပ် သူ့ဂုဏ်ဒြပ်တွေ မြောင်းထဲရောက်ရော ။ သူ့ကျေးဇူးတွေ အများကြီး ဒါကြောင့် တတ်နိုင်သလောက် ပြန်လည်ဖော်ထုတ်တယ် ။
ဒေါ်စုကြည် ထိုနည်းလည်းကောင်းပဲ... ၂၀၁၆ ကနေ ၂၀၂၀ အမေစု အမေစု နဲ့ မီဒီယာ တခွင် ဘယ်သူမှ တိုးမပေါက်အောင် ဝိုင်းမ ခဲ့ကြတယ် ။ ကိုယ်တို့လိုလူမိုက်တွေရဲ့ အာဏာရှိစဥ်ကတည်းက ဝေဖန်ခဲ့တဲ့ အသံတွေသည်ကား တိမ်လိုက် ပျောက်လိုက် နဲ့ fb အကောင့် ရာချီ အပျက်ခံ ငယ်သံပါအောင် အော်တာတောင် သဲ့သဲ့ပဲ ကြားခဲ့ရ ။ နစက ကနေ ဖမ်းတုတ် ထောင်ထဲလည်း ထည့်လိုက်ရော ဒေါ်စုကြည် လင်ငယ်နေတာကနေ နိုင်ငံတကာဘုံကျွန်ဘဝ အထိ အကုန်အောက်ဖဲလှန် အဆော်ခံရတာပဲ ။ တိုင်းပြည်အတွက် မိစ္ဆာမကြီးမို့ အာဏာရှိစဥ်ကလည်း ဆော်တယ်... အခုလည်းဆော်တယ်... မကျေနပ်လဲ လီးပဲ ။
ပြောချင်တာက သမိုင်းရေးထိုးခံ အဆင့်တွေက အရမ်းသတိထား လုပ်ကိုင်ကြရပါတယ် ။ မိမိအာဏာရှိစဥ် ရေးထိုးနေကြတဲ့ ပစ္စုပ္ပန်သမိုင်းဟာ အစစ်အမှန် မဟုတ်ပါဘူး ။ မိမိလွန်ကာလမှာ ရေးထိုးမယ့် အနာဂါတ် သမိုင်းသာလျှင် မှတ်တမ်းအဖြစ် ကျန်ရစ်စေမှာပဲ ။ ဒေဝဒတ်ရဲ့ အပုပ်နံ့က ယနေ့တိုင် နံစော်နေသလို မြတ်စွာဘုရားရဲ့ မွှေးရနံ့က ဒီနေ့ထိ လူသားများအား စိတ်ကြည်လင်စေနေတုန်းပါပဲ ။
အနီးစပ်ဆုံး သမိုင်းအရ NLD အမတ်တွေ ၊ ဝန်ကြီးတွေ နဲ့ ဒေါ်စုကြည်ကိုယ်တိုင် ပြောကြားခဲ့ကြတဲ့ မထော်မနန်း အပြောအဆိုတွေ ၊ အပြောတခြား အလုပ်တခြား ဆောင်ရွက်ချက်တွေဟာ မျက်စေ့အောက်မှာတင် အရှက်တကွဲ အကျိုးနည်းဖြစ်နေကြရတာ သတိပြုသင့်ပါတယ် ။
လွှတ်တော်မှာ ပြောပြီး ပြီးပြောဆိုတဲ့ ပါတာဖတ် ပုဂ္ဂိုလ်ကြီးတွေ ဆွေစဥ်မျိုးဆက် သောက်ရှက်ကွဲကြပါလိမ့်မယ် ၊ သေချာ စီစစ် လေ့လာပြီးမှ တိုင်းကျိုး ပြည်ပြု ဆောင်ရွက်ကြစေလိုပါတယ် ။ ဒီနေ့လို ခေတ်မျိုးမှာ စကားတခွန်း ၊ စာ တလုံး ကအစ မှတ်တမ်းတင်ထိမ်းသိမ်းရ လွယ်ကူလွန်းတာ သတိပြုကြပါ ။ သေချာတာက ဒါတွေ ဒီနေ့မရေးကြသေးဘူး နောင်တချိန် ရေးကြမှာပဲ ။
နှစ်ပေါင်း ရာထောင်ချီတိုင် တည်တံ့နေမယ့် အနာဂါတ်သမိုင်းမှာ မိမိအမည် မွှေးရနံ့ နဲ့ ကြိုင်လှိုင်နေမလား....လူတကာနှာခေါင်းရှုံ့ရမယ့် အပုပ်နံ့နဲ့ စက်ဆုပ်ဖွယ်နံစော် နေမလား ဆိုတာကတော့ ယနေ့ ပစ္စုပ္ပန် လုပ်ရပ်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ် ။ လူကြီးမင်းများ နှလုံးသွင်း မှန်ကြပါစေဗျာ ။
ကိုရွှေမျိုးဝင်း
1
550
160
33
5
4
3
1
550
160
33
5
4
3
1September 4, 2026 4.6K 28 20