ဟု မိန့်တော်မူသည် ။ ထို့နောက် တပ်အားလုံးကို ထားစင်ဆိပ်မှ ဇင်းမယ်မြို့သို့ ၂၁ ရက်ကြာအောင် ချီတက်ပြီး ဇင်းမယ်မြောက် ရတနာအောင်သာတွင် တပ်ချထားပါတယ် ။ ထို့နောက် တပ်အားလုံးကို ဇင်းမယ်မြို့အား အထပ်ထပ် ပိတ်ဆို့ထားလိုက်ပါတော့တယ် ။
ဇင်းမယ်မြို့တွင်းက ပြည်သူတွေသာမက မှူးမတ်များလည်း တုန်လှုပ်နေကြပါပြီ ။ နောက်ဆုံး အရဲစွန့်၍ ဘုရင်အား အညံ့ခံမှ သင့်တော်မယ်လို့ အကြံပြုကြပါတယ် ။ ထိုအခါ ဇင်းမယ်ဘုရင်က
“ငါ အညံ့ခံရန် အကြောင်းမရှိ ၊ ငါ့မြို့ကို ဖျာလို လိပ်ယူလို့ ရမလား ။ ငါ့ရဲ့ မြို့ရံ ငါးဆယ့်ခုနစ်မြို့သားတို့ မရောက်သေးဘူး သူတို့ ရောက်လာရင် အပြင်ထွက်တိုက်မယ် မင်းတို့ ကြောက်တတ်လှချည်လား ''
ဟု မိန့်တော်မူရာ မှူးမတ်တို့ ထပ်မပြောရဲတော့ပါဘူး ။
ဘုရင့်နောင်ကတော့ ရှင်း၏ သူရဲ့ တပ်မှူးတွေကို ခေါ်ပြီး ပြတ်သားစွာ အမိန့်ပေးပုံက.......
ကိုရွှေမျိုးဝင်း
222
127September 5, 2026 2.4K 7 11