ပြည်သူချစ်မင်းသား
==============
" အစိုးရ ဝန်ထမ်းသော်လည်းကောင်း ၊ ပုဂ္ဂလိကဝန်ထမ်းသော်လည်းကောင်း ပြည်သူလူထုဆီက လာဘ်ငွေတောင်းရင် မပေးနိုင်ဘူးလို့ ဗြောင်ပြောလိုက် ၊ ပြည်သူလူထုနဲ့ အတူ ကျနော်ရှိတယ် ၊ တစုံတယောက်က အတင်း အဓ္ဓမတောင်းဆိုလာခဲ့ရင် ငါတို့သား ၊ ငါတို့အိမ်ကကောင်လေး ၊ ငါတို့အကို ၊ ငါတို့မောင်လေး ၊ ငါတို့ဦးလေး ၊ ငါတို့ဗီဂျေး ရဲ့ အုပ်ချုပ်မှုအောက် နေတာ လို့ မကြောက်မရွံ့ သတ္တိရှိရှိပြောကြပါ ၊ ပြည်သူလူထုနဲ့ ကျနော်အတူရှိနေသရွေ့ လာဘ်ငွေကိစ္စ တခုတည်းမကဘူး ပါဝါပြ အနိုင်ကျင့်တဲ့ မည်သူမဆို ပြည်သူလူထုနဲ့ အတူတိုက်ခိုက်သွားပါ့မယ် ''
ဆိုတဲ့ အိန္ဒိယရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဗီဂျေးရဲ့ မိန့်ခွန်းက ကမ္ဘာတလွှား လှုပ်ခတ်သွားရပါတယ် ။
အဲဒီနောက် ပြည်နယ်အတွက် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဖို့ စီးပွားရေးညီလာခံကို ပြည်ပလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်ပြီး ကျင်းပလိုက်တယ် ။ သူ့ကို ယုံကြည်ကြလို့ စာချုပ်ပေါင်း ၉၀ ကျော် ချုပ်ဆိုနိုင်ခဲ့တယ် ။
ရူပီး ကုဋေ ၆၀၀၀၀ ကျော် ရင်းနှီးမြှပ်နှံကြတယ် ။ အလုပ်အကိုင်နေရာ တသိန်းကျော် ရရှိလာလိမ့်မယ် ။
ဒါတွေက ပြောသလို လုပ်ပြပြီး ပြည်သူ့အကျိုးပဲ အမှန်တကယ် ဆောင်ရွက်နေတာကို တွေ့နေရလို့ အကြီးအကဲကောင်းဆိုတာ ယုံကြည်ပြီး တုန့်ပြန်လာတဲ့ သတင်းပါပဲ ။ ဒီလို ခေါင်းဆောင် ဒီလိုလူမျိုး သူ့ပြည်သူက ချစ်နေကြတာ ဆန်းသလားဗျာ ။
ကိုရွှေမျိုးဝင်း
1
227
171
9
6
1
227
171
9
6
1September 5, 2026 1.7K 36 15