ကမ္ဘာကြီးပေါ်မှာ လူတွေအများကြီးပါ
ဒီတစ်ယောက်နဲ့ ဝေးခဲ့ရင်လည်း
နောက်တယောက်နဲ့ ထပ်ဆုံနိုင်ပြီး
ထပ်ချစ်ဖြစ်ဦးမှာပဲ။
ဒါပေမယ့်ဘာလို့ ဒီလူနဲ့ပဲ ဖြတ်သန်းနိုင်ဖို့
ကြိုးစားနေလဲဆိုရင် အသက်တွေကြီးလာမယ့်
အနာဂတ်အထိကို ကြိုတွေးထားမိလို့ပါ ။
နေပူပူ မိုးရွာရွာ ခါးလေးဖက် လက်လေးတွဲပြီး
သွားရမယ့် မြင်ကွင်းကို ပုံဖော်မိတိုင်း
သူ့ ဘေးကလူဟာ ကိုယ်ပဲဖြစ်ချင်တယ် ။
ဘာလေးဝတ် ဘယ်လိုလေးသွားဆိုပြီး
သူ့ရဲ့အင်္ကျီ အသုံးအဆောင်ဖိနပ်လေး နာရီလေးကအစ
သူ့အကြိုက်အတိုင်း စီစဉ်ဝယ်ခြမ်းပြီး
ဆင်မြန်းပေးရတဲ့သူက ကိုယ်ပဲဖြစ်ချင်တယ် ။
လက်တွဲဖော်တစ်ယောက်ရဖို့များ
အားစိုက်ထုတ်စရာမလိုဘဲ ပိုလွယ်တဲ့သူကိုပဲ
ရွေးချယ်လို့မရဘူးလား မဟုတ်ဘူး ရပါတယ် ။
ဘဝခရီးရဲ့ အဓိပ္ပါယ်တွေကတော့
အများကြီး ခြား နားသွားတယ် ကိုယ်ချစ်တဲ့သူကို
ပိုင်ဆိုင်ရဖို့ ညှိယူရတဲ့ အခြေအနေတွေ
ခက်ခဲလိုက်တာလို့ထင်တဲ့ အခိုက်အတန့်တွေ
စောင့်ဆိုင်းရတဲ့ကာလတွေ ကွာဟနေတဲ့မတူညီမှုတွေက များပါလိမ့်မယ် ။ ဘယ်လောက်ပဲများများ
အတူတူအိုမင်းသွားခွင့်ရမယ့်
အနာဂတ်ခရီးရှည်ကြီးနဲ့ ယှဉ်လိုက်ရင်တော့
ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတာဟာ
မပြောပလောက်တဲ့အချိန်အပိုင်းအခြား လေးပါပဲ ။
ပင်ပန်းရတာတွေရှိလည်း ဘာလို့လွှတ်မချတမ်း
ဆုပ်ကိုင်ထားနေလဲလို့ မေးရင်
"အန်တီကြီး ဦးလေးကြီး"အရွယ်တွေ ရောက်တဲ့အချိန်ထိ
ကိုယ့်ဘေးနားမှာ ရှိစေချင်တဲ့သူက မင်းဖြစ်နေလို့ပဲလေ အချစ်ရယ်
- crd 💭







