လက်ဝဲရဲတိုင် ၊ ရာဇတမန် မြင်းတပ် ၂ တပ် ၊ ဆင်တပ်မှာ နန္ဒကျော်ထင် ၊… — Ko Myo Win — TG.ME

-  လက်ဝဲရဲတိုင် ၊ ရာဇတမန် မြင်းတပ် ၂ တပ် ၊ ဆင်တပ်မှာ နန္ဒကျော်ထင် ၊ ဗညားပရံ ၊ နန္ဒသူရိယ ၊ ဗညားသံလိုက် ၊ ဘယ ဂါမဏိ ၊ ဗညားဒလ ၊ ဘယကျော်သူ ၊ သားတော် အိမ်ရှေ့မင်း ၊ တပ် ၈ တပ် ၊၊ စုစုပေါင်း ၁၀ တပ်...  တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် လက်ယာစစ်ကြောင်း ။

-  တုရင်ရာဇာ ၊ နန္ဒသိန်းစည်း မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ ဘယကျော်ထင် ၊ သမိန်ရဲသင်ရံ ၊ မင်းရဲကျော်ထင် ၊ ဗညားကျန်းတော ၊ သရေစည်သူ ၊ သမိန်သံကျယ် ၊ နန္ဒသင်္ကြန် ၊ ညီတော် တောင်ငူဘုရင် မင်းခေါင် ၊၊ စုစုပေါင်း တပ်  ၁ဝ တပ်တွင်  တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲရှစ်သောင်းနှင့် လက်ဝဲစစ်ကြောင်း ။

-  တုရင်ဗလ ၊ ဘယရာဇသူ မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ ရာဇသင်္ကြန် ၊ သမိန်ယိုကရတ် ၊ နန္ဒကျော်သူ ၊ အဲမွန်ဒယာ ၊ လက်ဝဲနန္ဒမိတ် ၊ သမိန်ဇိပ်ပွန် ၊ မင်းမဟာ ၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ ၊၊ စုစုပေါင်း  တပ် ၁ဝ တပ်တွင် ပါသည့် တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် အလယ်စစ်ကြောင်း ။

-  တုရင်ဗလ ၊ လက်ယာယောဓာ မြင်းတပ် ၂ တပ် ၊၊ ဆင်တပ်မှာ နေမျိုးကျော်ထင် ၊ သီရိဇေယကျော်ထင် ၊ မိုးညှင်း စော်ဘွား ၊ မိုးကောင်းစော်ဘွား ၊ မိုးမိတ်စော်ဘွား ၊  အင်းဝဘုရင် သတိုး မင်းစော ၊၊ စုစုပေါင်း တပ်  ၈ တပ်တွင်ပါသည့် တိုက်ဆင်သုံးရာ၊ မြင်းသုံးထောင်၊ စစ်သည်သူရဲ ရှစ်သောင်းနှင့် ဆင်ခေါင်းမှ ချီစေ၍ သုံးဆယ် ၊ သီပေါကို ချီရသည်။

-  ဘုရင့်နောင်က လက်ယာရဲတိုင် ၊ လက်ဝဲဘယ ၊ စတုရင်္ဂသူ ၊ တုရင်သိဒ္ဓိ ၊ မြင်းတပ် ၄ တပ် ။  ဆင်တပ်မှာ နန္ဒကျော်ထင် ၊ သမိန်လကွန်းအိန် ၊ သီဟပတေ့ ၊ သမိန်အဲဗြပိုက် ၊ ဘယသင်္ကြန် ၊ သီရိဓမ္မရတ် ၊ လက်ယာရန္တသူ ၊၊ ထို့နောက် တိုက်ဆင်နှစ်ရာကို စော်ဘွားစော်ကန်၊ မှူးပျို့၊ မတ်ပျို၊ ဆင်စီး လိမ်မာသသူတို့ကို စီးစေ၍ လက်ဝဲလက်ယာ ။ ကိုယ်ရံ တော် မြင်းနှစ်ထောင် ။ ဝင်းတော် လေးမျက်နှာ သားလည်း ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလှံနှင့်ချည်း လိုက်ရသည်။ မြင်းတပ်လေးတပ်နှင့်တကွ တပ်ပေါင်း တစ်ဆယ့်နှစ်တပ်တွင်ပါသည့် တိုက်ဆင်ငါးရာ၊ မြင်းခြောက်ထောင်၊ စစ်သည်သူရဲ တစ်သိန်းငါးသောင်း" ပါသည့် တပ်မတော်တွင် သက်ရှည်ကျော်ထင် တပ်မှူး၊ ရာဇယောဓာကို စစ်ကဲခန့်တော်မူသည်။

            ဟံသာဝတီ နေပြည်တော်အား မင်းရဲသင်္ခယာနှင့် ဗညားပရူတို့ကို တာဝန်​​ပေးသည်။

         ပုသိမ်၊ မြောင်းမြ အစရှိသော မွန်ပြည်တစ်လွှား၏ လုံ​ခြုံ​ရေးကို သီရိဇေယျနော်ရထာနှင့် ဗညားလောကို တာဝန်​ပေး၏ ။ မုတ္တမ၊ မော်လမြိုင် အစရှိသော မွန်ပြည် အရှေ့ တစ်လွှားကိုလည်း ဗညားဦးနှင့် စတုဂါမဏိ တို့ တာဝန် ။

            သက္ကရာဇ် ၉၁၉ ခု၊ တန်ဆောင်မုန်းလဆန်းငါးရက်၊ ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်သည် ။  ၁၁ ရက်အကြာ တောင်ငူရောက်၏ ။ ဆက်လက်ပြီး ဗာရာဏသီ၊ ကသာ၊ လှိုင်းတက် ထိ ၁ဝ ရက် ။ လှိုင်းတက်မှ ကင်းတားရွာငံကြောင်း ၊ ရွာငံမှ စ၍ စစ်ကြောင်းများ ခွဲပြီး ချီတက်ကြပါတယ် ။

                မိုးနဲစော်ဘွားလည်း ဘုရင့်နောင် လာနေကြောင်း သိတာနဲ့  မိုးဗြဲ ​၊ စကား ၊  နောင်မွန် မြို့စားတို့ကို ရပ်​စောက်​စော်ဘွား နှင့်အတူ ရပ်စောက်မြို့၌ ခံစစ်ပြင်ထားစေပါတယ်  ။ ဘုရင့်နောင်ရဲ့ တပ်မကြီးက နာစုံတောင် တွင် တပ်ချ၍ နေသည် ။

             ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာရဲ့ တပ်က ပထမဆုံး ရောက်လာပြီး  ရပ်စောက်သို့ တခါတည်းတိုက်ဖို့ ဒရကြမ်းချီတက်ပါတော့တယ် ။ ရပ်စောက်ကနေ စောင့်နေတဲ့  မိုးဗြဲစား ၊ စကားစား ၊ ရပ်စောက်စား ၊ နောင်မွန်စားတို့ကတော့ သတိုးဓမ္မရဲ့ မြင်းခွာသံကြားတာနဲ့ပဲ မြို့ထဲက ထွက်ပြေး​ကြပါ​တော့တယ် ။ ပြည်ဘုရင် သတိုးဓမ္မရာဇာလည်း ပြေးကြောင်းကိုသိတာနဲ့ အလွတ်မပေးပဲ  အပြင်းအထန် လိုက်ပါတယ် ။ ပြေးရင်းနဲ့  မိုးနဲတောင်ခြေရင်းသို့ ရောက်လျှင် မိုးဗြဲစား၊ စကားစားတို့လည်း ဆင်၊ မြင်းကို ပစ်၍ မိုးနဲသို့တိုင် ထွက်ပြေး​ကြပါတယ် ။ တိုက်ပွဲ မဆင်နွဲရပဲ ပစ်ခဲ့သော ဆင်၊ မြင်း၊ လူသူတို့ပင် မနည်းရခဲ့ပါတယ်  ။

                 စစ်လေးကြောင်းလုံး ဘုရင့်နောင်ဆီ ပြန်ပေါင်းမိကြပါပြီ ။   ဘုရင့်နောင်က ညီတော်၊ သားတော် တို့ အကုန်ရောက်တာနဲ့ နာစုံတောင်သို့  စစ်ငါးကြောင်းဖြန့်၍ ချီတက်ပါတယ် ။


              ဒီတကြိမ်တော့  မိုးနဲစော်ဘွားလည်း ဆင်၊ မြင်း၊ ဗိုလ်ပါအများနှင့် ဆီးကြိုနေပေပြီ ။ ဒီတကြိမ်မှာလည်း ပြည်ဘုရင် သတိုးဓမ္မရာဇာ ရှေ့ဖျား မြင်းတပ်နှင့် တောင်ကြားထဲမှာ ထိတွေ့တိုက်ပွဲ စတင်လိုက်ကြပုံက......

         ကိုရွှေမျိုးဝင်း
1👍312❤84👏5
September 4, 2026 2.5K 6 14