နိုင်ငံသား စျေး မပေါစေနဲ့ ==================== အမေရိကန်… — Ko Myo Win — TG.ME

နိုင်ငံသား စျေး မပေါစေနဲ့
====================

             အမေရိကန် နိုင်ငံသားဖြစ်ဖို့ ဒါတွေ အရင်လုပ်ကြရပါတယ် ။

"ကျွန်ုပ်သည် ယခင်က နိုင်ငံသားအဖြစ် သို့မဟုတ် လက်အောက်ခံအဖြစ် ပါဝင်ကျရောက်ခဲ့ဖူးသော မည်သည့် ပြည်ပမင်းညီမင်းသား၊ အုပ်ချုပ်သူ၊ နိုင်ငံ သို့မဟုတ် အချုပ်အခြာအာဏာပိုင်အပေါ် မဆို ထားရှိခဲ့သည့် သစ္စာစောင့်သိမှုနှင့် သစ္စာရှိမှု အပေါင်းကို လုံးဝ (လုံးဝ) စွန့်လွှတ်ငြင်းပယ်ကြောင်း ဤသစ္စာဓိဋ္ဌာန်ဖြင့် ပြဋ္ဌာန်းကြေညာပါသည်။

ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို ပြည်ပနှင့် ပြည်တွင်းရှိ ရန်သူအပေါင်းတို့ထံမှ ကာကွယ်စောင့်ရှောက်မည်ဖြစ်ပြီး၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အမှန်တကယ် ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုကို ထားရှိပါမည်။

ဥပေဒအရ လိုအပ်လာပါပါက အမေရိကန်ပြည်ထောင်စု၏ ကိုယ်စား လက်နက်စွဲကိုင် တိုက်ပွဲဝင်ပါမည်။

ဥပဒေအရ လိုအပ်လာပါပါက အမေရိကန် တပ်မတော်တွင် စစ်ဘက်မဟုတ်သော (noncombatant) ဝန်ဆောင်မှု တာဝန်များကို ထမ်းဆောင်ပါမည်။

ဥပေဒအရ လိုအပ်လာပါပါက အရပ်ဘက် စီမံကွပ်ကဲမှုအောက်တွင် နိုင်ငံတော်အတွက် အရေးကြီးသော တာဝန်များကို ထမ်းဆောင်ပါမည်။

ဤတာဝန်ဝတ္တရားများကို မည်သည့် စိတ်ဓာတ်ရေးရာ တွန့်ဆုတ်မှု သို့မဟုတ် ရှောင်လွှဲလိုသည့် ရည်ရွယ်ချက်မျှ မရှိဘဲ လွတ်လပ်စွာ ခံယူပါသည်၊

ဘုရားသခင် ကူညီမစ ပါစေသတည်း။"

အဓိက အချက် ၄ ချက်
၁။  ယခင် မူလနိုင်ငံအပေါ် ထားရှိခဲ့သော နိုင်ငံရေးအရ သစ္စာရှိမှုများကို အပြီးတိုင် စွန့်လွှတ်ကြောင်း ကြေညာခြင်း။

၂။ အမေရိကန်ပြည်ထောင်စု၏ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကထား ကာကွယ် စောင့်ရှောက်ရန် သစ္စာဆိုခြင်း။

၃။  စစ်ရေး သို့မဟုတ် အရပ်ဘက် အရေးပေါ် တာဝန်များ ကျရောက်လာပါက နိုင်ငံတော်အတွက် ပါဝင်ထမ်းဆောင်မည်ဟု ကတိပြုခြင်း။

၄။ ခြိမ်းခြောက်မှု သို့မဟုတ် အတင်းအကျပ် မပါဘဲ မိမိ၏ ကိုယ်ပိုင်ဆန္ဒအလျောက် သစ္စာဆိုခြင်း ဖြစ်ကြောင်း အတည်ပြုခြင်း။

(မှတ်ချက် - ဘာသာရေး ယုံကြည်ချက်အရ သေနတ် သို့မဟုတ် လက်နက် မကိုင်လိုသူများ သို့မဟုတ် "so help me God" နှင့် "swear" ဟူသော စကားလုံးကို မသုံးစွဲလိုသူများအတွက် ဥပေဒအရ ဖြေလျှော့ အစားထိုးဆိုရသည့် အခွင့်အရေးများလည်း ရှိပါသည်။)

- နိုင်ငံသားဖြစ်ဖို့ From N - 400 လျှောက်ထားလျှင်

{ "တရားဝင် နိုင်ငံသားဖြစ်ခွင့် လျှောက်လွှာ" (Application for Naturalization) ဖြစ်ပါသည်။}


အမေရိကန် လူဝင်မှုကြီးကြပ်ရေး (USCIS) ထံ တင်သွင်းရသည့် လျှောက်လွှာ ပုံစံဖြစ်ပါသည်။ အဆိုပါ လျှောက်လွှာကို တင်သွင်းပြီးနောက် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်၊ ရာဇဝတ်ကြောင်း ကင်းရှင်းမှုနှင့် နေထိုင်ခဲ့သည့် သမိုင်းကြောင်းများကို USCIS မှ စစ်ဆေးပါသည်။

လူတွေ့မေးမြန်းမှု (Interview) သို့ တက်ရောက်ရပါသည်။

၁။ အင်္ဂလိပ်စာ စာမေးပွဲ (English Test): အခြေခံ အင်္ဂလိပ်စာ ဖတ်၊ ရေး၊ ပြော စွမ်းရည် စစ်ဆေးခြင်း။

၂။ အမေရိကန် သမိုင်းနှင့် အစိုးရစနစ် စာမေးပွဲ (Civics Test): အမေရိကန် သမိုင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရစနစ်ဆိုင်ရာ မေးခွန်းများမှ အရာရှိက မေးမြန်းသည့် မေးခွန်းများကို အဖြေပေးရခြင်း ။

           ဂျပန်ဆိုလည်း အတူတူပါပဲ ။ ဂျပန်လို မူလတန်း အဆင့် ၃ / ၄ တန်း ရေး ဖတ် စာမေးပွဲ စစ်ဆေးပါတယ် ။

         ကိုယ့်ဆီက ၈၂ နိုင်ငံသားဥပဒေကိုတော့ ဟိုဟာ ဖြစ်တယ် ဒီဟာ ဖြစ်တယ်နဲ့ အာချောင်ခဲ့တဲ့ ဒေါ်စုကြည်ကို သတိရမိသေးတယ် ။

     အစိုးရအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ကို တင်းတင်းကြပ်ကြပ် စီစစ်ရမယ့်အပြင် ခိုးဝင်အုပ်စုတွေကိုလည်း တိတိကျကျ ဖော်ထုတ်သင့်ပါတယ် ။ မြန်မာလူငယ်တွေက ပြည်ပမှာ အုံနဲ့ ကျင်းနဲ့ ကျွန်ခံ အလုပ် လုပ်နေရပြီ ။ ပြည်တွင်းမှာလည်း မပြီးသေးတဲ့ ပန်ချီကား ပြည်တွင်းစစ်ကြောင့် သောက်သောက်လဲ သေနေကြတယ် ။ ကြာရင် မြန်မာကုန်ပြီး ခိုးဝင်ချည်း ဖြစ်ကုန်လိမ့်မယ် ။

          နေသာသလို နေပြီး အချိန်ဆွဲနေကြရင်တော့ မကြာတော့ဘူးလို့ သတိပေးချင်ပါတယ် ဗျာ ။ ဥရောပတိုင်းပြည်တွေကို နမူနာယူကြပါအုံး ။ ပြည်သူရင်ပူနေရတဲ့ ကိစ္စဆိုရင် ပြောသင့်တာပြော လုပ်သင့်တာ လုပ်ကြပါအုံး ။ တမန်တော်နေ့တဲ့ လုပ်သွားတာ တွေ့တယ် မဟုတ်လား... NLD လက်ထက်ကစပြီး  မြန်မာပြည်မှာ ဇောင်းထလာတာ အခုထိ မထိမ်းဘူး ။ အင်းးးးးငါတို့တိုင်းပြည်ကိုက ပြည်ပကြောက်ရောဂါ အရိုးစွဲနေကြလား မသိပါဘူး ။ ဒါတွေ မြင်နေရလေ ဦးနေဝင်း နဲ့ ဘရွှေကြီး ထိုင်ကန်တော့ချင်လာလေပဲ ။

          က်ိုရွှေမျိုးဝင်း

          
1👍577❤147💯41👏5🖕2✍1👎1
September 2, 2026 4.3K 31 31