တခုခုတော့ စီစဥ်သင့်ပြီ =================== စိတ်မချမ်းမြေ့စရာ… — Ko Myo Win — TG.ME

တခုခုတော့ စီစဥ်သင့်ပြီ
===================

             စိတ်မချမ်းမြေ့စရာ သတင်းတွေက အများကြီး ။ ရေဦးက 2022/23 တုန်းက ဒေါ်မင်းမင်း ကိစ္စ အဖြေပေါ် ရှင်းသွားတော့ ချောင်းဦးက ဆရာတော် ပြဿနာပေါ်လာတယ် ။ သံဃာကိုတောင် ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ကြတဲ့  တရားခံက အငြင်းပွားစရာ မရှိ PDF တွေပဲ ။

           နောက် မန်း PDF ၅ ဦးကို အချင်းချင်း သတ်ကြတယ်... ဒါလည်း တရားခံက PDF တွေ ။

           ယခု မလှိုင်မြို့နယ် ထမ္မကြီးရွာက ပြည်သူ ၁၂ ယောက်ကို ရက်ရက်စက်စက်သတ်သွားပြန်ပြီ ။ တရားခံက PDF ပဲ ။

        2021 အရေးအခင်း စကာစတုန်းက CRPH ဆိုပြီး ရပ်ကျေးအဆင့်ထိ ဖွဲ့ကြတယ်... လက်ဦးမှုယူပြီး ဖြိုခွင်းကြပါ ရပ်ကျေးအဆင့်ထိ မိမိသြဇာအာဏာ ထူထောင်ပါ ဆိုပြီး အကြံပြုတယ်.. ငါသိ ငါတတ် ဆရာတွေက စောက်ရေးမလုပ်ကြဘူး.....

         အသတ်ခံတဲ့ ပြည်သူတွေ သောက်သောက်လဲ ဖြစ်နေတော့ NLD ရပ်ကျေး စည်းမှူးတွေ ဖမ်းပြီးထိမ်းထားကြပါ ဒီကောင်တွေက PDF လူသစ်တွေ စုဆောင်းပေးနေတယ် ၊ ရပ်ရွာထဲက သတ်ချင်တဲ့သူတွေရဲ့ သတင်းတွေ ပေးနေတယ် အော်လည်း စောက်ရေးမလုပ်ဘူး....

           PDF တွေ များသထက်များလာပြီ ပုံစံ ၆၆ နဲ့ တိုက်ဆိုင် စစ်ဆေးပြီး လူပို ၊ လူလို စာရင်းစစ်ကြည့်ပါ အကြံပြုတယ်... ဧည့်စာရင်းတောင် ပုံမှန်မစစ်ဘူး....

         ၁၀၂၇ ဖြစ်လာပြီ... တိုင်းပြည် စုတ်ပြတ်သွားတယ်... အခုထိတောင် ဖာထေးနေတာ နိဒါန်းရှိသေးတယ် ... ထောင်ထဲက ဖမ်းထားတဲ့ အကြမ်းဖက်တွေ လွှတ်ပေးတယ် ၊ လက်နက်ချတယ်ဆိုတဲ့ PDF တွေ ဆုငွေပေးပြီး မိဘတွေဆီ ပြန်ပို့တယ် ။

             ဒီလို ဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေ အသတ်ခံနေရတာ ခပ်စိပ်စိပ်လေး ကြားလာရပြန်ပြီ ။ ကျနော်တို့ အကြိမ်ကြိမ် မှားခဲ့ကြပြီးပါပြီ ။ ယခု ကာလဟာ သင်္ဘောမှောက်တာ ဆန် ဇကာနဲ့ လိုက်ဆယ်နေရသေးတဲ့ အခြေအနေပဲ ရှိပါသေးတယ် ။

            ဌာနဆိုင်ရာပေါင်းစုံက CDM ပြန်ဋင်တွေကို ဘယ်နည်းနဲ့ စောင့်ကြည့် ထိမ်းသိမ်းနေသလဲ....?

           အကြမ်းဖက် ပုဒ်မ နဲ့ လွတ်ငြိမ်း တွေကို ဘယ်လို စောင့်ကြည့် အကဲခတ်နေကြသလဲ.....?

           PDF အလင်းဝင်တွေရဲ့ လှုပ်ရှားမှုကို တဦးခြင်း စောင့်ကြည့်နိုင်ပြီလား....?

            အတော်ရင်လေးစရာ အခြေအနေတွေပါပဲ ။ ကျနော်တို့ ဒီလိုလူတွေကို ပြန့်ကျဲနေအောင် လွှတ်ထားပြီးမှ စောင့်ကြည့်ဖို့ ဆိုတာ မလွယ်ကူဖူး ထင်ပါတယ် ။ ဒီတော့ လူသတ်မှု ကျူးလွန်ခံရတယ် ဆိုတဲ့ ဒေသတွေက လွတ်ငြိမ်း အကြမ်းဖက်တွေ နဲ့ PDF အလင်းဝင်တွေကိုတော့ ပြန်လည် ကမ့်သွင်း ထိမ်းသိမ်းဖို့ လို မလို စဥ်းစားသင့်ပါပြီ ။

         ဒါမှ ငါ့နယ်ထဲ ပြည်သူ အသတ်ခံရရင် ငါတို့ ထောင်မကျသော်မှ ကမ့်ထဲ အထိမ်းသိမ်းခံရနိုင်တယ် ဆိုတဲ့ အသိတရားနဲ့ သတင်းပေးခြင်း / ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်ဖို့ တွေးဆလာကြပါလိမ့်မယ် ။ မဟုတ်ရင်တော့ ဒီလို အကုသိုလ်သတင်းတွေ ဆက်ခါ ဆက်ခါ ကြားရဖွယ် ရှိနေပါတယ် ။ တပ်ထောက်ခံသူတွေ အတွက်တော့ နောက်ကျောထိုးမယ့်ဒါးတွေ ကိုယ့်ရပ်ရွာထဲ သယ်လာသလို ဖြစ်နေပါ့မယ်ဗျာ..... 

         ကိုရွှေမျိုးဝင်း
1👍626❤147💯54😢14👏9🙏3👎1🤣1
September 1, 2026 4.9K 45 32