ထို့နောက် သတိုးမင်းစောရဲ့ ဆင်ခေါင်းဝက်ဝံ မှ အုန်းပေါင်ချီ စစ်ကြောင်း… — Ko Myo Win — TG.ME

         ထို့နောက် သတိုးမင်းစောရဲ့ ဆင်ခေါင်းဝက်ဝံ မှ အုန်းပေါင်ချီ စစ်ကြောင်း ၁၆ တပ်က မိုးညှင်းကို သိမ်းပိုက်ပြီး မိုးမိတ်သို့ ဆက်ချီရာမှာ မိုင်းလုံမြို့စားကို ရှေ့ဖျားချီတပ်အဖြစ် သုံးစေလို့ အမိန့်ပေးလိုက်ပါတယ် ။

      ဘုရင့်နောင်ဟာ စစ်ဘုရင် အလွန်ပီသသူဖြစ်ပါတယ် ။ သူ့ရဲ့ မူလသစ္စာခံ စစ်သည်တွေကို အသေခံ မတိုက်ခိုင်းပဲ လတ်တလော မှ ခါတော်မှီ သစ္စာခံလာကြတဲ့ မြို့စား ၂ ဦးရဲ့ တပ်တွေကို ရှေ့ဆုံးက အသေခံတိုက်ရမယ့်နေရာကနေ ချီတက်စေခဲ့တာ သူ့ရဲ့ စစ်ရေး သတိ စစ်ရေးအသိကို မီးမောင်းထိုးပြနေတာပါပဲ ။

        သူ မပါတဲ့ စစ်ကြောင်း ၂ ကြောင်းအတွက် စီစဥ်ပြီးတာနဲ့ သူကိုယ်တိုင်က ရေထဲကနေ ကုန်းပေါ်တက်ပါပြီ ။ တိုက်ဆင် ၁၅၀ ၊ မြင်း ၁၀၀၀ နဲ့ ဘယနန်သူ နဲ့ ဒေဝကုမ္မာတို့ကို အကြီးအမှူးခန့်ပြီး ဧရာဝတီ အနောက်ဖက်ကမ်းမှ စမ္ပယ်နဂိုသို့ ချီတက်ပါတယ် ။ ခိုတောင် ၊ အုန်းတစည် ၊ စဥ့်ကိုင် ၊ သစ်ဆိမ့် ၊ စဥ့်ကူ ၊ ကပွတ် ၊ သီဟတော ၊ မွန်သာ ၊ စမ္ပာယ်နဂို မလယ်သို့ တဖက်ကမ်း ကူး...  ထိုမှ မိုးမိတ်သို့ ချီတက်၏ ။

         မိုးမိတ်နဲ့ ၁၂ မိုင်အကွာမှာ မိုးမိတ်စော်ဘွားက တိုက်ဆင် ၅၀ ၊ စစ်မြင်း ၂၀၀၀ ၊ စစ်သည် ၄၀၀၀၀ တို့နဲ့ တိုက်ခိုက်ဖို့ စောင့်ကြိုနေပါတယ် ။ ဘုရင့်နောင်အတွက် ရာသီသစ် စျေးဦးပေါက် စစ်ပွဲ အစပြုလိုက်ပုံက.....

       ကိုရွှေမျိုးဝင်း



          

           

          
1👍455❤117👏4🖕1
August 30, 2026 6.5K 8 14