ဘုရင့်နောင်က ပသီကုလားတို့၏ ဘက္ကရီအစ်အခါတွင် ကျွဲနွား များ သတ်ဖြတ်သည့်အလေ့ကိုလည်း တားမြစ်ဖို့ အမိန့်ထုတ်ရာ မှူးမတ်အချို့က....
" ဘာသာရေး ကိစ္စအတွက် စဥ်းစားရန် '' လျှေက်တင်ကြရာ ဘုရင့်နောင်က...
" ငါ့မြေ ငါ့ရေ မှာ ငါ့သာသနာနဲ့ ဆန့်ကျင်တဲ့ မိစ္ဆာအယူ ယစ်ပူဇော်တာကို ငါ့လူမျိုး အညာသားတွေ လုပ်နေတာတောင် တားမြစ်ခဲ့ပြီးမှ ငါ့မြေ ငါ့ရေ ငါ့ သာသနာမှာ လာခိုနားပြီး ကပ်နေကြရတဲ့ လူမျိုးခြား ဘာသာခြားတွေက မိစ္ဆာအယူနဲ့ ကျွဲ နွား ဆိတ် လည်လှီးနေတာကို ခွင့်ပြုရမလား...ငါ့လို မင်းမြတ်ကတော့ မသိကျိုးနွံ ပြုပြီး မနေနိုင်ဘူး ငါ့အာဏာ ငါ့သြဇာဟာ ငါ့တိုင်းပြည်ရဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်နွယ်နေလို့ သိက္ခာအကျမခံနိုင်ဘူး ဒီ အမိန့် မကျေနပ်တဲ့ ဘာသာခြား နှင်ထုတ် ဖောက်ဖျက်ရင် ခြေလက် ခုတ်ဖြတ် သတ်စေ ''
ဆိုပြီး ပြင်းထန်ထိရှတဲ့ တချက်လွှတ်အမိန့်အား တိုင်းပြည်ဂုဏ်သိက္ခာ အတွက် ထုတ်ပြန်လိုက်ပါတော့တယ် ။ လူမျိုးခြားအတွက် လျှောက်တင်မိသော အမတ်အချို့ကတော့ မင်းကြီးရဲ့ မျက်နှာထားတင်းတင်းနဲ့ အမိန့်ကြောင့် ခေါင်းငုံ့သိမ်ငယ်စွာ မျက်နှာအောက်ချ နေရပါတော့တယ် ။ မင်းကောင်းမင်းမြတ်တို့ရဲ့ ဘာသာ သာသနာအတွက် ဆောင်ရွက်ချက်များကတော့ အမိတိုင်းပြည်မှာ ယနေ့တိုင် မွှေးပျံ့ကြိုင်လှိုင်နေပါတော့တယ် ။
အဲဒီနောက် မိုးမိတ်ကို စုရုံးရောက်ရှိလာတဲ့ သားတော် နဲ့ ညီတော်များ ၊ တပ်မှူးများအား အစည်းအဝေးခေါ်ယူပြီး ဗမာ့ဒါးဦး ရှမ်းတောင်ဘက် လှည့်မလား... အန္တရာယ်အမြဲပေးတဲ့ ရှမ်းမြောက်ဘက် လှည့်မလား ဆွေးနွေးကြပါတယ် ။ ဆွေးနွေးကြပုံကတော့.....
ကိုရွှေမျိုးဝင်း
1
459
151
10
2
459
151
10
2September 2, 2026 7.3K 17 27