တပင်ရွှေထီး နဲ့ ဘုရင့်နောင် (47) ========================… — Ko Myo Win — TG.ME

တပင်ရွှေထီး နဲ့ ဘုရင့်နောင် (47)
========================

              ရှေ့ဖျားချီတပ်ဖြစ်တဲ့ မြင်းတပ်ဟာ မိုးမိတ်စော်ဘွားရဲ့ တပ်ကို ပထမဆုံးရင်ဆိုင်ကြရပါပြီ ။ မြင်းတပ်ရဲ့ ရှေ့ပြေးအင်အားက မိုးမိတ်စော်ဘွားရဲ့ ထုထည်နဲ့ ခံစစ်စည်းကို ရဲဝင့်စွာဝင်တိုးကြည့်ပေမယ့် မရပါဘူး ။ မြင်းစီးစစ်သည်တို့လည်း ငါတို့မရသေးဆိုတာ သေချာတာနဲ့ နောက်နားက ပါလာတဲ့ ဘုရင့်နောင်တပ်ဆီ ပြန်ဆုတ်ကြပါတယ် ။

         မြင်းတပ်ပြန်အဆုတ်ကို ရှမ်းတို့က အပြတ်ချေမှုံးကြစို့ ဆိုကာ အားသွန်ခွန်စိုက် လိုက်လာကြပါတယ် ။ ထိုအချိန်မှာ အဲမွန်ဒယာက စွယ်လမန် ၊ ရာဇသင်္ကြန်က ရတနာတန်ဆောင် ၊ သမိန်လကွန်းအိန် က ရဲလုလင် ၊ နန္ဒယောဓာ က နာဂဝရ ၊သမိန်ဗြသမိုက်က ဇေယနုဘတ် ၊ သမိန်မောခွင်က တရုံသုံ့ပန်း ဆင်တို့နှင့် တပ် ၆ တပ်ထိပ်ဆုံးက လာနေပါတယ် ။

           ရှေ့မှာ ဖုံတထောင်းထောင်းနဲ့ သောသောရုတ်ရုတ် ဆုတ်လာတဲ့ မိမိတို့ ရှေ့ဖျားချီမြင်းတပ် ၊ နောက်က အော်ဟစ်ကြွေးကြော် လိုက်ပါလာတဲ့ ရှမ်းတပ်များအား မြင်လိုက်ရတာနဲ့   တပ်မှူး ခြောက်ယောက် ဆင်ခြောက်စီးအား သုတ်ကနဲ ချွန်းဖွင့်ရင်း တိုက်စည် တိုက်မောင်းတီးကာ တလွှားလွှားနဲ့ ပြေးဝင်သွားပါတယ် ။ တဆက်တည်း နောက်နားက ဆင်စီး သူရဲကောင်းများလည်း ချွန်းကုန်ဖွင့်ရင်း တီုက်ပွဲတွင်းသို့ စွပ်ကနဲ ဝင်ရောက်သွားကြပါပြီ ။

           စွမ်းစွမ်းတမံ တိုက်ခိုက်ကြတဲ့ တပ်မှူးစစ်ကဲ အပေါင်းတို့က ဆင်နှင့်ချည်း ဖိတိုက်ကြရာ ရှမ်းဆင်တို့ အားမတန်လို့  ငါးစီး လဲကျခဲ့ရပါ​ပြီ ။ မိုးမိတ်စော်ဘွားရဲ့ တပ်တွေဟာ ဆင်ခြင်း မယှဥ်နိုင်မှန်း သိပါလျှက် သတ္တိရှိရှိ ဆက်လက်တိုက်ခိုက်နေရာ ဘုရင့်နောင်ရဲ့ မြင်းတပ် နဲ့ ခြေလျှင်တို့က ပူးပေါင်းတိုက်ခိုက်ကြချိန် လုံးဝ မခံနိုင်တော့ပဲ ဆုတ်ခွာဖို့ပဲ လုပ်ကြရပါတယ် ။ ဆင် ၆ စီး ၊ မြင်း ၇၀ ကျော် ၊  လူ ၈၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပါတယ် ။

              မိုးမိတ်စော်ဘွားလည်း မြို့ကခံ၍တိုက်မည်ဟု ကြံစည်ကာ ပြန်ဆုတ်ပါတယ် ။ မြို့ထဲမှနေ၍ ခုခံဖို့ ကျိုးစားခဲ့ပေမယ့်  ဗညားလော၊ ဗညားကျန်းတို့ရဲ့  တပ် ၆ တပ်က မိုးညှင်းနယ်မှ မိုးမိတ်ကို ရောက်လာသည်နှင့် မခုခံနိုင် တော့ဘူးလို့ တွက်ဆကာ အုန်းပေါင်သို့ ထွက်ပြေးပါတယ် ။ ကပျာကယာဆုတ်ခွာသောကြောင့် ကျန်ရစ်သည့် ဆင်မြင်း လူသူ များလည်း အများအပြားရှိနေပါတော့တယ် ။

           ဘုရင့်နောင်လည်း မိုးမိတ်မှာ အခြေပြုဖို့ စီမံပြီးနောက် သတိုးဓမ္မရာဇာ ၊ ဗညားလော ၊ ဗညားကျန်းတော ၊ စည်သူကျော်ထင် ၊ လကွန်းအိန် ၊  ယောဓာ ၊ သမိန်ရဲသင်ရံ တို့ တပ်ပေါင်း ၇ တပ် နဲ့  မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်းကိုးတပ် စုစည်းပေးအပ်ပါတယ် ။ တိုက်ဆင် ၁၅၀ ၊ မြင်း ၂ဝဝဝ ၊ စစ်သည် ၈၀၀၀၀ ပါဝင်၏ ။ 

"  မိုးမိတ်စော်ဘွား ပြေးလေရာသို့လိုက်ဖမ်းရမည် မရလျှင် ပြန်မလာကြနဲ့ ''

          လို့ ပြတ်သားတဲ့ အမိန့်နဲ့ စေခိုင်းလိုက်ပါတော့တယ် ။

         ထိုအချိန်မှာပဲ  သားတော် အိမ်​ရှေ့မင်း ၊ ညီတော် ဘုရင်မင်းခေါင် ၊  အင်းဝဘုရင် သတိုးမင်းစောတို့က စစ်ကြောင်း ၂ ကြောင်းနဲ့  အုန်းဘောင်သို့ ချီတက်လာကြ ရာမှာ အုန်းဘောင်သို့ မရောက်ခင် ၂၄ မိုင်ခန့် လိုတဲ့အရပ်မှာ  ပေါင်းမိပါတယ် ။ တပ်တွေ ပေါင်းမိတဲ့ အခါ အစည်းအဝေးကျင်းပပါတယ် ။ အိမ်​ရှေ့မင်းက.......

" ယခု ရဲမက်တော်အပေါင်းတို့သည် တစ်စုတည်းချီ၍ မသင့်ချေ ၊ စစ်ကြောင်း သုံးခု ခွဲ၍ ချီသင့်တယ်လို့ ထင်တယ် ''

          ဟု ပြောလိုက်ရာ တောင်ငူမင်းခေါင်က....
" ဒီအကြံကောင်းပါတယ် စစ်ကြောင်း ၃ ကြောင်း ခွဲပြီး တိုက်ခိုက်မှသာ ရန်သူကို အဖက်ဖက်က ပိတ်ဆို့ ဟန့်တား ခေမှုံးနိုင်မှာ ဖြစ်ပါတယ် ''

         လို့ ထောက်ခံလိုက်လို့ စစ်ကြောင်းတွေကို ခွဲဝေတာဝန်ချကြပါတယ် ။ 

- အိမ်ရှေ့မင်းက မြင်းတပ်သုံးတပ် နဲ့  တပ်ပေါင်း ရှစ်တပ်မှာ အလယ်ကြောင်း ချီတက် ။ 

- တောင်ငူမင်းခေါင် က  မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်းရှစ်တပ်ဖြင့် လက်ယာကြောင်း ချီတက် ။

-  အင်းဝဘုရင် သတိုးမင်းစောတို့က မြင်းနှစ်တပ်နှင့် တပ်ပေါင်းကိုးတပ်မှာ လက်ဝဲကြောင်း ချီတက် ကြရန် လုပ်ဆောင်ပါတယ် ။

              အုန်းပေါင်စော်ဘွားကလည်း သားနဲ့ ညီတို့ကို ဦးဆောင်စေ၍  အုန်းဘောင်သို့မရောက်ခင် ၆ မိုင် ကျော်ခန့် အရပ်မှာ  တိုက်ဆင် ၁၅၀ ၊ မြင်း ၃၀၀၀ ၊  စစ်သည်သူရဲ ၇၀၀၀၀ နဲ့ ခုခံဖို့ ပြင်ဆင်ထားပါတယ် ။ သူကတော့ အုန်းပေါင်မြို့ထဲက ခုခံဖို့ ပြင်ဆင်ထားပါတယ် ။

           စစ်ပွဲကို စတင်လိုက်တာက အိမ်ရှေ့မင်းရဲ့ အလယ်ကြောင်းချီစစ်ကြောင်းမှ ရှေ့ပြေး မြင်းတပ်သား ၃၀၀၀ ပါပဲ ။ လက်ဝဲရဲတိုင် ၊ ရာဇတမန် ၊ တုရင်ရာဇာ တို့ဟာ လက်ရွေးစင် ရွှေခွက်ဆွဲသူရဲကောင်းတပ်မှူးများပီပီ ရန်သူရရှိရာသို့ ခွာသံဖြောင်းဖြောင်း ဖုန်တ​ထောင်းထောင်းထအောင် ပြေးဝင် ခုတ်ထစ်ကြပါတော့တယ် ။

        မြင်းစီးကြွမ်းကျင်တဲ့ ရှမ်းတို့ကလည်း သူတို့ရဲ့ စစ်မြင်း ၃၀၀၀ နဲ့ ပဲ သွေးတူမွှေးတူ ပြန်ခုခံကြပါတယ် ။ စော်ဘွားရဲ့ ဆင်တပ်ကမူ နောက်နားကသာ စောင့်ကြည့်နေပါတယ် ။ ရှမ်းတို့ရဲ့ နာမည်ကျော် မြင်းတပ်ဟာ သူ့ထက်ရှည်သော တုတ်နဲ့တိုင်းထွာမိလို့ တိုသွားရပါပြီ ။ နောင်တချိန်မှာ အရှေ့တောင်အာရှတခွင်လုံး ပြိုင်ဘက်ကင်း
👍250❤92👏1🖕1
September 2, 2026 5.6K 1 15