သမိုင်း သိချင်နေလား
=================
7-6-1946 မွာ ထန်းတပင် လယ်သမားသပိတ်ဖြစ်တယ် ။ ပုလိပ်နဲ့ နှိမ်နင်းတော့ သုံးဦးသေတယ် အများအပြား ဒဏ်ရာရကြတယ် ။ ဗိုလ်ချုပ်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး မိန့်ခွန်း ပြင်းထန်လွန်းလို့ သူပုန်ထတော့မယ်လို့ ဘုရင်ခံဆာဒေါ်မန်စမစ် တွက်ဆခဲ့တယ် ။
ဆူဆူပူပူတွေ များလာလို့ ဆာဒေါ်မန်စမစ် ပြုတ်သွားပြီး ဘုရင်ခံ အသစ်ရောက်လာတယ် ။ ဘုရင်ခံအသစ်က ဗိုလ်ချုပ်ကို ဘုရင်ခံအတိုင်ပင်ခံအဖြစ် ခန့်အပ်ပြီး အစိုးရဖွဲ့ခွင့်ပေးလို့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ ။
ဗိုလ်ချုပ်ဟာ ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ ရာထူးလက်ခံလာပြီး ဦးနုဆီကို သွားပါတယ် ။ ဦးနုရဲ့ စာကြည့်ခန်းထဲမှာ ဗိုလ်ချုပ်က စီးကရက်သံဗူးနဲ့ ထည့်ထားတဲ့ ရွှေတွေကို (နို့ဆီဗူးခန့်) ပေးပါတယ် ။
သူဟာ ဘုရင်ခံပေးတဲ့ ဝန်ကြီးချုပ်ရာထူးကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ၊ ဒီရွှေတွေကို ကိုကြီးနု သုံးချင်သုံးပါ မသုံးချင်လည်း ဖဆပလ ကို လှူပါဆိုပြီး ရွှေတဗူးထားသွားပါတယ် ။
ပြောချင်ရာ ပြောပြီး ပြန်ထွက်သွားတဲ့ ဗိုလ်ချုပ်ကို အံ့သြပြီး ဦးနုလည်း ဘာမှ မပြောလိုက်နိုင်ပါဘူး ။ မှင်တက်လွန်းလို့ ရွှေဗူးတောင်မှ စာကြည့်ခန်းထဲကနေ နေရာရွှေ့ပြီး မသိမ်းခဲ့နိုင်ပါဘူး ။ ရာထူးအာဏာအတွက် ဘယ်သူ့မှ မတိုင်ပင်ပဲ လုပ်ချင်ရာ လုပ်ခဲ့တဲ့ အောင်ဆန်းကို နားမလည်မှု များစွာနဲ့ ကျန်ခဲ့ရပါတယ် ။ ( တာတေစနေသား ဖတ်ကြည့်)
ဒီလိုနဲ့ ဗိုလ်ချုပ်အာဏာရပြီး 1947-ဇန္နဝါရီလ ထဲမှာပဲ လယ်သမားသပိတ်မှောက်ပွဲ ဖြစ်လာတယ် ။ ဝန်ကြီးချုပ်ဦးအောင်ဆန်းက ပြည်ထဲရေးဝန်ကြီး သခင်မြ ကို ပစ်ခတ်နှိမ်နင်းခိုင်းတယ် ။ မြန်မာခြင်း မပစ်နိုင်ဖူးလို့ ဝန်ကြီးက ငြင်းတော့ ချက်ခြင်းဖြုတ်ပစ်တယ် ။ ဘာကြောင့်ဖြုတ်တယ်ဆိုတာ တရားဝင်တော့ ဘယ်ထုတ်ပြန်မလဲ ။
နောက် သူငယ်ချင်းဖြစ်တဲ့ ဦးကျော်ငြိမ်းကို ပြည်ထဲရေးဝန်ကြီး ခန့်တယ် ။ လယ်သမားသပိတ်ကိုလည်း သာမန် ပုလိပ်နဲ့ မနှိမ်နင်းခိုင်းပဲ အမှတ် ၁၄ အထူးတပ်ဖွဲ့ နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တယ် ။ မြန်မာပြည်မှာ အထူးတပ်နဲ့ သပိတ်ကိုနှိမ်နင်းတာ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်က စတာပဲ ။ လက်နက်မဲ့ လယ်သမားတွေကို အထူးတပ် နဲ့ ပစ်ခဲ့တာလည်း သမိုင်းမှန်ပါပဲ ။
နောက်ပြောသေးတယ်
"အခုက ဦးကျော်ငြိမ်းမို့လို့ ခင်ဗျားတို့ ဒီလောက်နဲ့ ပြီးတာ ကျုပ်သာဆို ဒီထက်နာမယ် '' လို့ သတင်းစာရှင်းလင်းပွဲ ပြောခဲ့ကြောင်း ကွန်မြူနစ် မှတ်တမ်းများမှာ တွေ့ရပါတယ် ။
( မနေ့က ပို့စ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီသမိုင်း ရှာမတွေ့ဘူးဆိုတဲ့ နီတုံးလေးတွေ အတွက် ပြန်ရှာပြထားပါတယ် 😂😂 ရတနာဝင်းထိန်လောက် ဖတ်ခဲ့တဲ့သူတွေက ငါတို့ ဒီသမိုင်း မသိဘူးဆိုပြီး .... သိပ်မရှာခိုင်းနဲ့ ငိုချင်စိတ်ပေါက်သွားအောင် ရေးပြလို့ ရတယ် နော် 😎😎)
ကိုရွှေမျိုးဝင်း
1
435
368
16
9
5
1
1
435
368
16
9
5
1
1August 31, 2026 6.9K 28 61