အမေးရှိက အဖြေရှိ၏
=================
" ငမျိုး ကပ်သီးကပ်သပ်မေးနေပြန်ပြီ ကွ ဖတ်ဖူးပေမယ့် မမှတ်မိလို့ ပြန်ပြောအုံး...''
" ဘာတွေလဲ ဗျ သိရင်တော့ ဖြေမှာပေါ့ ''
" ပထမဆုံးမေးခွန်းက မြန်မာပြည်မှာ အင်္ဂလိပ်လက်ထက်တုန်းကတောင် သပိတ်မှောက်ရင် သေနတ် နဲ့ ပစ်ခတ်မနှိမ်နင်းခဲ့ဘူးတဲ့ စစ်တပ်အုပ်ချုပ်မှ နှိမ်နင်းတာတဲ့ ဟုတ်လား ''
" မှန်တယ် အရင်က သေနတ်အများကြီးသုံးပြီး မနှိမ်နင်းဘူး ပုလိပ်တော့သုံးတယ်....သေနတ်အများဆုံး စသုံးတဲ့သူက ဗိုလ်ချုပ်အောင်ဆန်းပဲ... 1947 ဖေဖော်ဝါရီ မှာ တောင်သူလယ်သမားသပိတ်ဖြစ်လာတော့ ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထဲရေးဝန်ကြီး သခင်မြကို ( ယခု သခင်မြ ပန်းခြံက သူ့ကို ဂုဏ်ပြုထားတာပါ) ပစ်ခတ် နှိမ်နင်းဖို့ အမိန့်ပေးတယ် သခင်မြက ကိုယ့်အမျိုးသားခြင်း မပစ်နိုင်ဘူး ငြင်းလို့ ဖြုတ်ပစ်ပြီး 12 - 2 - 1947 မှာ ဦးကျော်ငြိမ်းကို ခန့်တယ် နောက် အမှတ် ၁၄ အထူးတပ်ဖွဲ့ နဲ့ ပတ်ခတ်နှိမ်နင်းခဲ့တယ် အဲဒါ ပထမဆုံး သေနတ်အများဆုံးသုံးပြီး သပိတ်ဖြိုခဲ့တဲ့ ပွဲပဲ ''
" OK နောက်တချက် နဝတ လက်ထက်မှာ သပိတ်မှောက် သန္ဒပြဖို့ မပြောနဲ့ လက်ဖက်ရည်ဆိုင်မှာတောင် အစိုးရ မကောင်းကြောင်း ပြောမရဘူးဆိုတာ....''
" အင်းးး သူနာပြုတက္ကသိုလ်ကို ဦးခင်ညွှန့်လာစစ်တော့ သင်တန်းသူတွေက ရုတ်တရက် ဦးခင်ညွှန့် လျှောက်လာတဲ့ ကော်ရစ်တာမှာ ပိတ်ဆို့ထိုင်လိုက်ကြပြီး ဆန္ဒပြတယ်.... ဦးခင်ညွှန့်က လူလည်ပဲ ချက်ခြင်း ကဲ ကဲ သမီးတို့ ဘာပြဿနာရှိလဲ ဘဘ ကို အေးအေးဆေးဆေး ပြောကြပါဆိုပြီး ပြောလိုက်တယ်... စာမေးပွဲကိစ္စတွေ နဲ့ အခြား မကျေနပ်တာတွေ နစ်နာတာတွေ တင်ပြကြတယ်... PSO ကိုလည်း အသေအချာ မှတ်ခိုင်းတယ်.. ကျန်းမာရေးဝန်ကြီး နဲ့ ကျောင်းအုပ်ကို အားလုံးရှေ့မှာပဲ ပြောလိုက်တယ်.. ဒီကလေးတွေကို အရေးယူတာတွေ ဘာတွေ တခုမှ မလုပ်ရဘူး ပုံမှန် သင်ကြားရမယ်လို့ မှာကြားတယ်.. ပြီးတော့ သင်တန်းသူလေးတွေကို.. ကဲ ကဲ ဘဘကြီး အကုန်အဆင်ပြေအောင် လုပ်ပေးမယ် စိတ်ချနော် ဆိုပြီး ပြောသွားတယ်...တကယ်လည်း ဘယ်သူမှ အရေးယူမခံရဘူး စာမေးပွဲဖြေဖို့ ကိစ္စလည်း အဆင်ပြေသွားတယ် အဲဒါ နဝတ ခေတ်က ဆန္ဒပြပွဲကို ဦးခင်ညွှန့် ကိုင်တွယ်သွားပုံပဲ... ''
" ထားပါကွာ လက်ဖက်ဆိုင်ထဲ စကားကျယ်ကျယ် နဲ့ ဝေဖန်လို့တောင် မရဘူးဆို...''
" အဲဒီကာလတွေတုန်းက နိုင်ငံရေး ဇ ရှိတဲ့သူတွေကို ထောက်လှမ်းရေးက မျက်ခြေမပျက် စောင့်ကြည့်ရတယ်.. သူသွားတတ်တဲ့ လက်ဖက်ရည်ဆိုင်လိုမျိုး အရက်ဆိုင်လိုမျိုးတွေမှာ စောင့်ကြည့်တယ် အဲဒါကို ရည်ညွှန်းတာပါဗျာ သာမန်လူ တယောက်စီတိုင်း ဘယ်လို စောင့်ကြည့်မလဲဗျ.. အဲဒီ နိုင်ငံရေးသမားနဲ့ စကားပြောမိသူကို လိုအပ်ရင် ဘာတွေ ပြောကြသလဲဆိုတာတော့ ခေါ်မေးကြမှာပေါ့ ဒါကို ရည်ညွှန်းပြီး ပြောတဲ့ ကောလဟာလပါဗျာ ခင်ဗျားတို့ ကျုပ်တို့လည်း ဟောင်ဖွာဟောင်ဖွာ ပြောခဲ့ကြတာပဲ အကုသိုလ်နိုင်ငံရေးသမား မပါတော့ ဘယ်မှာ စစ်ဆေးခံခဲ့ရလို့တုန်း ''
" အေး ဟုတ်သား ဟ... နောက်ဆုံး တခုကွာ ဦးသိန်းစိန်က ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှု လို့ ပြောခဲ့တာ အသံဖိုင်နဲ့တကွ ရှိနေလေရဲ့ အဲဒါ မပြောသင့်တဲ့ စကားပဲလေ ဘာကြောင့် ဒီလိုပြောခဲ့တာလဲ တဲ့... ?''
" ပညာရေးနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် ပြောခဲ့တာက ကျောက်ဆည်မြို့နယ်အတွင်းက ဒေသတခုမှာ ဗျ ။ ကျင်းပတဲ့ အခမ်းအနားက မြစိမ်းရောင် စီမံကိန်းအတွက် ကျေးလက်ချေးငွေ ပေးအပ်တဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ ။ သူပြောချင်တဲ့ ဆိုလိုရင်းက ဘက်ဂျက်တွေ ခွဲဝေသုံးစွဲရတဲ့ အခါမှာ ရရှိလာတဲ့ ဘက်ဂျက်ခေါင်းစဥ်အရ ကြွေးမြှီပြန်ဆပ်ရမယ့် ချေးငွေ နဲ့ ပြန်ဆပ်ရန်မလိုတဲ့ အကူအညီပေးသော ထောက်ပံ့ငွေဟူ၍ ရှိကြောင်း ၊ ယခုလို မြစိမ်းရောင် ချေးငွေသည် ပြန်ဆပ်ရမည့် ဘက်ဂျက်ချေးငွေထဲမှ အသုံးပြုရသည့်အတွက် ချေးငွေမှန်မှန်ပြန်ဆပ်ရန် အရေးကြီးကြောင်း ၊ ကျန်းမာရေး ပညာရေး အသုံးစရိတ် ကဏ္ဍများသည် အရင်းပြန်မရသည့် မြှပ်နှံမှု လုပ်ငန်းများဖြစ်၍ ပြန်ဆပ်ရန်မလိုသည့် ထောက်ပံ့ငွေ ဘက်ဂျက်များမှသာ အများဆုံးကျခံသုံးစွဲ ရမည် ဖြစ်ကြောင်း...ဆိုပြီး ပြောခဲ့တာကို မီဒီယာတွေက ဖြတ် ညှပ် ကပ် လုပ်ပြီး ယုတ်ယုတ်မာမာ အပုပ်ချခဲ့တာပါဗျာ ''
" OK OK အမှန်က ဒါတွေကို NLD လက်ထက်ကတည်းက မင်းရေးခဲ့တာ ဖတ်ဖူးတယ် ခုလို တိတိကျကျ ပြန်ဖြေဖို့အထိ မမှတ်မိတော့လို့ကွ လူတော်ဆိုတာ ငါ့လိုမျိုး ဦးဏှောက် ဖောက်စားတတ်ရတယ်ကွ ပြန်ပြီဟေ့.... ''
ကိုရွှေမျိုးဝင်း
1
407
312
31
6
2
1
1
407
312
31
6
2
1
1August 30, 2026 4.7K 11 31