Mo....tor Ci...ty (2026)
ဒီကားမှာတော့ Reacher ထဲကလိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ အမြစ်ပြတ်ချေမှုန်းတတ်တဲ့ Alan ရဲ့ Swag အပြည့် Aura တွေကို အားရပါးရ မြင်တွေ့ရမှာပါ။ မင်းသမီးချော Shailene Woodley နဲ့အတူ ဗီလိန်နေရာကနေ သရုပ်ဆောင်ပိုင်နိုင်တဲ့ မင်းသား Ben Foster တို့ကလည်း ပါဝင်အားဖြည့်ထားပါတယ်။
မော်တော်ကားတွေရဲ့မြိုတော်ဖြစ်တဲ့ ဒက်ထရွိုက် (Motor City) မှာ အခြေတည်ထားပါတယ်။ ဂျွန်မစ်လာတစ်ယောက် ချစ်သူလေးနဲ့လက်ထပ်ဖို့ လုပ်နေတုန်း မတရားစွပ်စွဲခံရပြီး ထောင်ကျသွားရာကနေ ဇာတ်လမ်းစပါတယ်။
ထောင်ကနေ လွတ်လာတဲ့အချိန်မှာတော့ သူ့ကို ထောင်ချောက်ဆင်ပြီး ထောင်ထဲပိုခဲ့တဲ့ လူယုတ်မာတွေကို လိုက်လံရှာဖွေပြီး တစ်ယောက်ချင်းစီကို လက်စားချေပါတော့တယ်။ သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ သူ့ကို သစ္စာဖောက်ခဲ့တဲ့သူတွေကိုအပြစ်ပေးဖို့နဲ့ သူချစ်ရတဲ့မိန်းကလေးကို ပြန်လည်ကယ်တင်ဖို့ပါပဲ။
စကားအများကြီး ပြောမနေဘဲသေနတ်ပြောင်းဝကနေပဲ အဖြေပေးမဲ့ ဂျွန်မစ်လာတစ်ယောက် ဒက်ထရွိုက်မြိုရဲ့မြေအောက်လောကကို ဘယ်လို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် မွှေနှောက်သွားမလဲ။
https://t.me/kmovie_mm_sub/629



















