Mu....tiny (2026) ကိုးဟာ ဘီလီယံနာသူဌေးကြီးတစ်ယောက်ဆီမှာ အလုပ်လုပ်နေတဲ့လုံခြုံရေးအရာရှိတစ်ယောက်ပါ။ အေးအေးဆေးဆေး အလုပ်လုပ်နေရင်းကနေ တစ်နေ့မှာတော့ သူ့ရဲ့ ဘော့စ်ဖြစ်သူ သူဌေးကြီးရုတ်တရက် ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတော့တယ်။ တကယ့်တရားခံက လွတ်နေပြီး ကိုးတစ်ယောက်ကပဲ သူဌေးကိုသတ်တဲ့ တရားခံအဖြစ် လုပ်ကြံစွပ်စွဲခံလိုက်ရတဲ့အခါ... ကိုယ့်နောက်ကို ရဲတွေကရော၊ တကယ့်တရားခံက လွှတ်လိုက်တဲ့ ကြေးစားလူသတ်သမားတွေကပါ အပူတပြင်း လိုက်လံရှာဖွေလာချိန်မှာ ကိုးတစ်ယောက် ဘယ်လို ထွက်ပြေးလွတ်မြောက်အောင် လုပ်မလဲ။ သူဌေးကိုသတ်သွားတဲ့ တကယ့်လက်သည်ကရော ဘယ်သူလဲ။ သူ့အပေါ်ကျရောက်နေတဲ့ စွပ်စွဲချက်တွေကို လက်သီးနဲ့ရော သေနတ်တစ်လက်နဲ့ ဘယ်လို ဖြေရှင်းပြီး အမှန်တရားကို ရှာဖွေမလဲဆိုတာ ရင်ဖိုလှိုက်မော ရှုစားရမယ့် One Man Army အက်ရှင်ကားပါ။ Jason Statham ရဲ့ ဇာတ်ကားတွေ ထုံးစံအတိုင်း အာလူးသိပ်မဖုတ်ဘဲ အက်ရှင်ခန်းတွေကို အသားပေးရိုက်ကူးထားပြီး၊ တောက်လျှောက် လိုက်ပြေးရ၊ ပစ်ရခတ်ရနဲ့ ဇာတ်ရှိန်က အစကနေအဆုံး ဆွဲခေါ်သွားမှာမို အက်ရှင်ကားကောင်းကောင်းလေး ကြည့်ပြီး စိတ်ပြေလက်ပျောက် အပန်းဖြေချင်သူတွေ ခုပဲ ရှုစားလိုက်ကြပါတော့ဗျာ။ https://t.me/kmovie_mm_sub/620
Mu....tiny (2026) ကိုးဟာ ဘီလီယံနာသူဌေးကြီးတစ်ယောက်ဆီမှာ… — Action Lover Myanmar — TG.ME
August 20, 2026 171 2