@nightingale131 · 315 subscribers
The short link opens the channel straight in the Telegram app — not in a browser tab.
tg.me/go/nightingale131Is this your channel? Add @tgme as admin — and see how many people click your links. Get the stats →
Channel created May 3, 2024per Telegram
We have been tracking it since September 3, 2026
In all that time the channel has changed neither its name, nor its @username, nor its avatar.
We show only what we have seen ourselves.
ငါတို့ ဘယ်တော့မှအရင်လိုပြန်မဖြစ်တော့ဘူး မင်းကဒီဇင်ဘာ ၃၁ ရက်ဆိုရင် ငါကဇွန်နဝါရီ ၁ ရက် ၊ မင်းသာဆန္ဒရှိရင် ငါ့ဆီကိုတရက်တည်းနဲ့ရောက်ပါတယ် ငါကတော့မင်းဆီရောက်လာဖို့ ၃၆၄ ရက်ကြာပါတယ် ။ #credit
လွမ်းဖို့ကောင်းတယ်ဆိုတာ ငိုချင်တာတစ်မျိုး ဒါပေမယ့် ရင်ထဲမှာ ငိုချင်တာ ပြီးတော့ ရင်ထဲမှာတင်တိတ်ချင်တာ -တပြည်သူမရွှေထား
"ကမ္ဘာဟာလည်နေတာ မှန်တယ်ဆိုရင်တောင် ဒီသံသရာမှာ ကျွန်တော်တို့ ထပ်ဆုံရန်မရှိတော့ပါဘူး ကျေနပ်ပါတယ်... ကမ္ဘာမြေအဆုံးအထိ ဝေးသွားဖို့ အတိတ်မှာ ကျွန်တော်တို့ နည်းနည်းလေးတော့ နီးခဲ့ကြတယ်လေ" :သူ့ကိုချစ်မိအပြစ်ရှိ၏
မနက်ခင်းမှာ မင်းကိုနှိုးမယ်သူမရှိတဲ့အခါ ညမှာလည် မင်းကိုစောင့်နေတဲ့သူမရှိတဲ့အခါ ပြီးတော့လည် မင်းလုပ်ချင်တာကိုလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေခဲ့ရင် အဲဒီခြေနေကို ဘယ်လိုခေါ်မလဲ လွတ်လပ်ခြင်းလား၊အထီးကျန်ခြင်းလား။
မသိတတ်တဲ့ လူတစ်ယောက်ဆီက သိတတ်မှုကို မျှော်လင့်ရတာ သိပ်ပြီးပင်ပန်းရတယ် ကျွန်တော်တို့ရဲ့ နေ့စဥ်ရက်များဟာ ဒဏ်ရာနဲ့ရက်များချည်းပါပဲ ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ ဘာများရှိပါသလဲ။ #မောင်ချောနွယ်