War Ma...chine (2026) နက်ဖလစ် ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi… — Action Lover Myanmar — TG.ME

War Ma...chine (2026)

နက်ဖလစ် ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi Action ဇာတ်ကားသစ်လေးပါ။

Reacher စီးရီးနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Alan Ritchson ခေါင်းဆောင်ပါဝင်ထားပြီး၊ အက်ရှင်ကြမ်းကြမ်းနဲ့ ဂြိုဟ်သားစက်ရုပ်တွေ ချကြတဲ့ကားမျိုး ကြိုက်တတ်ရင်သဘောကျမယ့် ဇာတ်ကားပါ။

အဓိကဇာတ်ကောင်က နာမည်မရှိဘဲ "81" လို့ပဲ ခေါ်တဲ့ စစ်သားတစ်ယောက် (Alan Ritchson) ပါ။

သူက အာဖဂန်နစ္စတန်စစ်ပွဲမှာ သူ့ညီဖြစ်သူ ‌ေသဆုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာရနေတဲ့သူပေါ့။

ညီဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ အမေရိကန် Army Ranger အထူးတပ်ဖွဲ့ဝင်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ သူကိုယ်တိုင် ဝင်ရောက်အရွေးခံပါတယ်။

Ranger ဖြစ်ဖို့ နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ "Death March" လို့ခေါ်တဲ့ တောတွင်းစစ်ဆင်ရေးကို ဆင်းရတဲ့အချိန်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်လာပါတော့တယ်။

အဲဒီတောထဲမှာ သူတို့အဖွဲ့ဟာ ကမ္ဘာမြေပြင်က မဟုတ်တဲ့ ဧရာမ စက်ရုပ်ကြီးတစ်ကောင် နဲ့ သွားတိုးပါတော့တယ်။

https://t.me/kmovie_mm_sub/571
❤2
June 23, 2026 463 4