Wan....ted (2026) မင်းသားကြီး Shin Hyun-Joon, ဟာသသရုပ်ဆောင် Kim… — Action Lover Myanmar — TG.ME

Wan....ted (2026)

မင်းသားကြီး Shin Hyun-Joon, ဟာသသရုပ်ဆောင် Kim Byung-man, မင်းသမီး Bae Woo-Hee နဲ့ Twelve ထဲမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ထိုင်ဝမ်မင်းသမီးချောလေး Regina Lei တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

စာပို့သမား ရှင်းဟျွန်းဂျွန်း (Shin Hyun-Joon) နဲ့ ဝရမ်းပြေး ချွဲချောဂူ (Shin Hyun-Joon) တို့ဟာ သွေးသားမတော်စပ်ပေမဲ့လည်း အံ့ဩစရာကောင်းလောက်အောင်ကို ရုပ်ချင်း တစ်ပုံစံတည်း ဆင်တူနေကြသူတွေပါ။ ဒါကြောင့် ဟျွန်းဂျွန်းလည်း အမြဲတမ်း ဝရမ်းပြေးလို့ အထင်မှားခံနေရပြီး သူ့ရဲ့ နေ့စဉ်ဘဝက ကမောက်ကမတွေ ဖြစ်ကုန်တော့တာပေါ့။

တစ်ဖက်မှာ ချွဲချောဂူကို လိုက်လံဖမ်းဆီးနေတဲ့ ရဲတွေကလည်း ဟျွန်းဂျွန်းကြောင့် စုံစမ်းစစ်ဆေးမှုတွေ ရှုပ်ထွေးကုန်ပြီး ဟျွန်းဂျွန်းကို ပူးပေါင်းစုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။

ဒီလိုနဲ့ ချွဲချောဂူကို ခြေရာခံလိုက်ရင်းကနေ ထိုင်ဝမ်အထိ ရောက်ရှိသွားပြီး ဒီအမှုထဲ ချောဂူရဲ့ရည်းစားဟောင်း ယန်ဖေး (Regina Lei) ပါ ပါဝင်ပတ်သက်လာတဲ့အခါ...

အလွဲပေါင်းများနဲ့ ရယ်နေရမှာမို့လို့ စိတ်အပန်းပြေရအောင် အခုပဲ ကြည့်လိုက်ကြပါတော့နော်။


https://t.me/kmovie_mm_sub/608
August 10, 2026 248 1