The Iso...late Thi...ef (2026) ဒါရိုက်တာ John Suits က ရိုက်ကူးထားပြီး… — Action Lover Myanmar — TG.ME

The Iso...late Thi...ef (2026) ဒါရိုက်တာ John Suits က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Mackenzie Foy, Sean Bean, Odeya Rush, Jack Kesy နဲ့ Ty Simpkins တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလရဲ့အလွန်အမင်း အေးစက်လှတဲ့ဆောင်းရာသီ ရာသီဥတုကြီးထဲမှာ Ada ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သီးခြားခွဲထွက်နေတဲ့ ပြည်ထောင်စု တပ်မတော် စခန်းတစ်ခုမှာ တစ်ယောက်တည်းစခန်းစောင့်အဖြစ် နေထိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။ တစ်နေ့မှာတော့ မထင်မှတ်ဘဲ ခိုးယူခံထားရတဲ့ ရွှေအမြောက်အမြားဟာ သူမရဲ့စခန်းဆီ မတော်တဆ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီရွှေတွေကို လိုက်လံရှာဖွေနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြဂိုဏ်းတစ်စုဟာ သူမ နေထိုင်ရာ စခန်းကို သိမ်းပိုက်လိုက်ကြပါတော့တယ်။ အကူအညီမဲ့နေတဲ့ ခါးသီးလှတဲ့ဆောင်းရာသီ ပတ်ဝန်းကျင်ကြီးထဲမှာ Ada ဟာ သူ့ဆီရောက်နေတဲ့ ရွှေတွေကို ဓားပြတွေ မသိအောင် ဝှက်ထားရင်း၊ တစ်ချက်မှားတာနဲ့ အသက်ဘေးကြုံနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကြားထဲကနေ ဉာဏ်ဆင်ပြီး ယှဉ်ပြိုင်တိုက်ခိုက်သွားရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးပါ။ https://t.me/kmovie_mm_sub/613

August 12, 2026 189 1