The Gentle....man Thief (2026)
ဂန္တဝင်ကားတွေနဲ့ လူသိများတဲ့ မင်းသားကြီး John Travolta ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ထားတဲ့ Action/Heist ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ Masterpiece ကြီးလို့တော့ မဆိုလိုပေမဲ့ မင်းသားကြီးရဲ့ Aura တွေ၊ Swag အပြည့်နဲ့ အက်ရှင်ခန်းတွေကို အပျင်းပြေ အချိန်ဖြုန်းရင်း ရှုစားချင်တယ်ဆိုရင်တော့ ကွက်တိပါပဲ။
အဆင့်မြင့် လုံခြုံရေးအထပ်ထပ် ချထားတဲ့ နေရာတွေကိုတောင် ဘာမှမဖြစ်သလို အေးဆေးဖောက်ထွင်းတတ်တဲ့ သူ့ဘဝမှာ စောရဘဝက အနားယူပြီဆိုပြီး တစ်ကိုယ်တော် ဂေါက်လေးရိုက်ရင်း ဖြတ်သန်းနေရာကနေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခု ကြုံလာရတဲ့အခါ…
လွယ်မယ်ထင်ခဲ့တဲ့ မစ်ရှင်တစ်ခုကနေ အလွဲလွဲအချော်ချော်တွေ ဖြစ်လာပြီး ရဲတွေက တစ်ဖက်၊ တခြားဂိုဏ်းတွေက တစ်ဖက် သူ့ကို ဝိုင်းဝန်းပိတ်ဆို ဖမ်းဆီးလာကြပါတော့တယ်။
ဇိမ်ခံသင်္ဘောကြီးတွေပေါ်က ပေါက်ကွဲမှုတွေ၊ ပစ်ခတ်ခန်းတွေနဲ့အတူ ဘိုးတော်ကြီး John Travolta ဘယ်လိုတွေ သေနတ်ပစ်ခတ် ကြမ်းပြသွားမလဲဆိုတာကို အပျင်းပြေ ခံစားကြည့်လိုက်ကြပါဦးဗျာ။
https://t.me/kmovie_mm_sub/604

1August 4, 2026 207 2