W...ings Of D...read (2026) မင်းသားရော၊ ဒါရိုက်တာအနေနဲ့ပါ… — Action Lover Myanmar — TG.ME

W...ings Of D...read (2026)

မင်းသားရော၊ ဒါရိုက်တာအနေနဲ့ပါ ပါဝင်ထားတာကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ ကွန်ဖူး ရှောင်လင်ကတုံးမင်းသား ရှီရှောင်လုံ (Ashton Chen) ပဲ ဖြစ်ပါတယ်။ မင်းသမီးချော Nita Lei နဲ့ Fengchao Liu တို့ကလည်းပါဝင်အားဖြည့်ထားပါတယ်။

လေကြောင်းရဲအရာရှိ ကုချောင်ယန် (Ashton Chen) ဟာ တရုတ်ပြည်ကို ပြန်လာတဲ့ လေယာဉ်ခရီးစဉ်မှာ မထင်မှတ်ဘဲ လေယာဉ်ပြန်ပေးဆွဲခံရတာနဲ့ထိပ်တိုက်ကြုံတွေ့ရပါတော့တယ်။

ပေတစ်သောင်းအမြင့် ကောင်းကင်ယံထက်က လေယာဉ်ပေါ်မှာ ကူညီမယ့်သူမရှိ၊ ထွက်ပြေးစရာလမ်းမရှိတဲ့အခါ ကုချောင်ယန်တစ်ယောက် ခရီးသည်တွေရဲ့အသက်ကိုကယ်တင်ဖို့အတွက် ရက်စက်တဲ့ ပြန်ပေးဆွဲသမားတွေကို ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။

အကန့်အသတ်ရှိတဲ့ လေယာဉ်ပေါ်က နေရာကျဉ်းကျဉ်းလေးမှာ အသက်လုရတဲ့ တိုက်ပွဲတွေ၊ အနီးကပ် Close Combat အက်ရှင်ကွက်တွေက ဇာတ်ရှိန်ကို အစကနေ အဆုံးထိ ရင်တမမနဲ့ ဆွဲခေါ်သွားမှာပါ။

ပြန်ပေးသမားတွေက ဘာလို့ ဒီလေယာဉ်ကို ပစ်မှတ်ထားတာလဲ... ကုချောင်ယန်ကရော ခရီးသည်တွေကို အန္တရာယ်ကင်းကင်းနဲ့ ကယ်တင်နိုင်ပါ့မလားဆိုတာ Action ကြမ်းကြမ်း ဇာတ်ကားမျိုးမို့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။


https://t.me/kmovie_mm_sub/578
❤1
July 14, 2026 289 1