IP Man: The Ku...ng Fu Le...gend (2026) ဖော်ရှန်းကနေ… — Action Lover Myanmar — TG.ME

IP Man: The Ku...ng Fu Le...gend (2026)

ဖော်ရှန်းကနေ ဟောင်ကောင်ကိုရောက်လာပြီး အခြေချခါစ သိုင်းခန်းမစဖွင့်ဖို့ကြိုးစားနေတဲ့အချိန်ပဲဖြစ်ပါတယ်။

အဲဒီအချိန်မှာ ကျင့်ဝတ်မရှိတဲ့အနောက်တိုင်းကုန်သည်တစ်ယောက်က အနောက်တိုင်းလက်ဝှေ့ရုံဖွင့်ဖို့အတွက် ဒေသခံသိုင်းသင်တန်းကျောင်းတွေ ဆိပ်ကမ်းတွေကို အတင်းအဓမ္မသိမ်းယူဖို့ ကြိုးစားနေပါတယ်။ အနိုင်ကျင့်ခံရတဲ့ ဒေသခံအလုပ်သမားတွေနဲ့ သိုင်းဆရာကြီးတွေဘက်ကနေပြီး ယဲ့ဝမ့်က မတရားမှုကိုအပြင်းအထန်ရင်ဆိုင်ကာကွယ်ပေးခဲ့တာကြောင့် အနောက်တိုင်းအတွက်ယဲ့ဝမ့်ဟာ ပစ်မှတ်တစ်ခုဖြစ်သွားခဲ့ပါတယ်။

လူသတ်မှုနဲ့ မတရားထောင်ချောက်ဆင်ပြီး စွပ်စွဲပြီးထောင်ချလိုက်ပါတယ်။ ထောင်နံရံရဲ့နောက်ကွယ်မှာ မြေအောက်ဂိုဏ်းကစေလွှတ်တဲ့ ကြေးစားလူသတ်သမားတွေရဲ့ အန္တရာယ်အမျိုးမျိုးကိုပါ ယဲ့ဝမ့်ဟာ ရင်ဆိုင်လာရပါတယ်။ သိုင်းအဖွဲ့သားတွေရဲ့စည်းလုံးမှုနဲ့အတူ ယဲ့ဝမ့်ရဲ့ယုံချွင်းလက်သီးသိုင်းပညာနဲ့ အနောက်တိုင်းသားကိုပြန်လှန်မယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်


https://t.me/kmovie_mm_sub/599
July 31, 2026 216 1