Children Who Chase Lost Voices (2011)
Asuna ဆိုတဲ့ကောင်မလေးတစ်ယောက် ထူးဆန်းတဲ့သီချင်းသံကို သူ့အဖေဆီကလက်ဆောင်ရခဲ့တဲ့ ရေဒီိယိုတစ်လုံးနဲ့ နားထောင်နေခဲ့ပါတယ် အာ့ကနေအိမ်ပြန်လမ်းမှာ မကောင်းဆိုးဝါးတစ်ကောင်တိုက်ခိုက်တာခံရတဲ့အချိန် Agartha ကလာတဲ့ Shun ဆိုတဲ့ကောင်လေးတစ်ယောက်က ဝင်ကယ်သွားပါတယ်။ Shun ပျောက်သွားတဲ့အခါ Asuna က သူ့ကိုပြန်တွေ့ရဖို့ Morisaki ဆိုတဲ့ ဆရာတစ်ယောက်နဲ့ Agartha လို့ခေါ်တဲ့နေရာကို ခရီးထွက်ခဲ့ပါတော့တယ်။ Agartha မှာ သွားရင်းလာရင်းနဲ့ Agartha ရဲ့အလှအပတွေ ရက်စက်ကြမ်းကြုတ်ပုံတွေ အဆုံးရှုံးခံရတာတွေကို မျက်မြင်ကြုံတွေ့ရမယ့်ဇာတ်လမ်းလေးပါ။ သူမ Shun ကို ထပ်တွေ့နိုင်ဦးမှာလား။ Agartha ကဘယ်လိုနေရာလဲ ကြည့်ရှူခံစားကြပါ။