The Garden of Words (2013)
ဇာတ်ကားနာမည်လေးက မြန်မာလိုဆို “စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်” တဲ့
ဇာတ်လမ်းလေးက “မမနဲ့မောင်လေး” ပုံစံ ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး…အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်..
ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့
အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်..
ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ…
တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့…
စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်…
နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်
November 30, 2024 1.2K 1