IQ 178 ရှိတဲ့ စူပါဂျီးနီးယပ်စ်တစ်ယောက်ဖြစ်တဲ့ ရို၀န်အတ်ကင်ဆန်ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းတွဲအသစ်ကို Netflix ကနေ ထုတ်လုပ်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို ရိုဝန်အတ်ကင်ဆန်ရဲ့ Johnny English Strikes Again ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ထားတာပါ။
ရုပ်ရှင်အကြိုက်တွေ အမျိုးမျိုးကွဲကြပေမဲ့ တစ်ခေတ်တစ်ခါတုန်းက Legend တစ်ယောက်ဖြစ်တဲ့ ချာလီချက်ပလင်ကို မကြိုက်တဲ့သူမရှိသလို သူ့နောက်တစ်ခေတ်မှာလည်း တွမ်အန်န်ဂျယ်ရီကို မကြိုက်တဲ့သူမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်တော်တို မျက်မှောက်ခေတ်ရဲ့ ဟာသ Legend ကြီးကတော့ မစ္စတာဘင်းန်ပါပဲ။ အဲဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူမရှိတာ သေချာပါတယ်။