ကြောက်စရာလဲကောင်းသလိုသေးထွက်ကျတဲ့ထိရယ်ရမဲ့ဟာသကား Setannya Cuan (2026)… — UPDATE - အညွှန်းသီးသန့် — TG.ME

ကြောက်စရာလဲကောင်းသလိုသေးထွက်ကျတဲ့ထိရယ်ရမဲ့ဟာသကား

Setannya Cuan (2026)

ဇာတ်လမ်းက ၁၉၇၀ ပြည့်လွန်နှစ်တွေဆီက အင်ဒိုနီးရှားရွာလေးတစ်ရွာမှာ စတာပါ။ ရွာထဲမှာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေသလို၊ တစ်ဖက်မှာလည်း ချောမောလှပတဲ့ မုဆိုးမလေး
မင် (Mince) ရဲ့နှလုံးသားကိုရရှိဖို ရွာထဲက အမျိုးသားတွေအချင်းချင်း အပြိုင်အဆိုင် ပြဿနာတက်နေကြတာပါ။

ဩဇာ၊ အာဏာနဲ့အချစ်ကို ရရှိဖိုအတွက် ပိုက်ဆံနဲ့အနိုင်ယူချင်ကြတဲ့ ရွာသားတွေဟာ မြန်မြန်ဆန်ဆန် ချမ်းသာချင်တဲ့လောဘဖုံးလာပြီး ရိုဂျန် (Rojan) ဆိုတဲ့ စုန်းကဝါဆရာဆိုးဆီကို သွားရောက် အကူအညီ တောင်းခံကြပါတော့တယ်။

စုန်းဆရာရဲ့ အမှောင်နည်းလမ်းတွေကြောင့် ပိုက်ဆံခိုးတဲ့ သရဲစိမ်းကလေး (Tuyul) ၊ သင်္ချိုင်းဝတ်ရုံဖြူပတ်ထားတဲ့ သရဲ (Pocong) နဲ့ ဝက်အဖြစ်အသွင်ပြောင်းပိုက်ဆံရှာတဲ့သရဲ (Babi Ngepet) ဆိုတဲ့ အင်ဒိုနီးရှားရိုးရာသရဲဆိုးတွေက ရွာထဲမှာ ပေါ်ထွက်လာပါတော့တယ်။
August 10, 2026 693 1