မြိုနဲ့ မနီးမဝေး တောအုပ်ကြီးတစ်ခုမှာ ခန္ဓာတစ်ခုလုံး အရိအရွဲတွေနဲ့… — UPDATE - အညွှန်းသီးသန့် — TG.ME

မြိုနဲ့ မနီးမဝေး တောအုပ်ကြီးတစ်ခုမှာ ခန္ဓာတစ်ခုလုံး အရိအရွဲတွေနဲ့

အခုမှ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လိုပဲ

လူသားတစ်ဦး ပေါ်လာခဲ့ပါတယ်။ သူက ဘယ်ကပေါ်လာတာလဲ၊ ဘာကောင်လဲ ?

အဲဒီနောက်တော့ ကောင်လေးဟာ

တောအုပ်ထဲက ထွက်လာပြီး မြိုထဲလမ်းမပေါ်မှာ ဟိုကြည့်ဒီကြည့် လျှောက်သွားနေလို

ရဲတွေက ထိန်းသိမ်းစစ်မေးရာမှာ ဘာမှ မေးမရဘဲ

အတိတ်မေ့နေတာကို တွေ့ရပါတယ်။

ဒီကောင်လေးဟာ ထူးခြားနေတဲ့အတွက် စိတ်ပညာကုထုံးပညာရှင်

နစ်ကိုးလ်က သူ့အိမ်ကို ခေါ်သွားပြီး ကုသပါတယ်။

ထူးခြားချက်ကတော့

လူတိုင်း လူတိုင်း မွေးဖွားလာပြီဆိုကတည်းက

ချက်ကြိုးကို စတင်ဖြတ်ရတာက ထုံးစံပါပဲ။

ဒါက လူတွေမှာ တွေ့ရတတ်တဲ့ မွေးရာပါ အမှတ်အသားတစ်ခုပေါ့။

သူက အဲလို ချက် အရာမရှိဘဲ ချက်နေရာမှာ အသားတွေနဲ့ ပြောင်ချောနေတာတော့

တော်တော်လေး ထူးဆန်းပါတယ်။
August 6, 2026 897 1