" ကောင်းကင်ဘုံရဲ့ချစ်သက်သေ " Mhom Ped Sawan (2024) အိမ်ရှေ့စံကို အလုပ်အကျွေးပြုနေကြတဲ့ ရံရွေတော်တွေဖြစ်တဲ့ *ရံရွေတော်ခမ်* နဲ့ *ရံရွေတော်စု* တို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ် မေတ္တာရှိကြပေမဲ့ အများအမြင်မှာ မသင့်တော်မှာစိုးတာကြောင့် ထုတ်ဖော်ပြတာမျိုးမရှိဘဲ အဝေးကနေ ဂရုစိုက်ပေးရင်းနေထိုင်လာကြရာမှာ အိမ်ရှေ့စံ နတ်ရွာစံပြီးနောက် *ရံရွေတော်စု* ဟာ နန်းတွင်းမှာ အလုပ်အကျွေးပြုဖို့ဖြစ်လာပါတယ်။ အထက်အမိန့်ကို လွန်ဆန်ဖို့မဖြစ်နိုင်တာကြောင့် *ရံရွေတော်စု* ဟာ နန်းတွင်းမှာ အလုပ်အကျွေးပြုဖို့သွားချိန် ကျန်ခဲ့တဲ့ *ရံရွေတော်ခမ်* ဟာ မွေးရပ်မြေကိုပြန်ပြီး ဖခင်ဖြစ်သူနဲ့အတူနေထိုင်ပြီး မုန့်ရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အစကတည်းက ဘေးလူတွေရဲ့အမြင် နိုင်ငံရဲ့ဥပဒေကြောင့် မနီးစပ်နိုင်တဲ့ သူမတို့နှစ်ယောက် ပြန်လည်ဆုံတွေ့နိုင်ပါ့မလား... တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာတရားက အနိုင်ယူနိုင်မလားဆိုတာကို ထိုင်းရာဇဝင်မှတ်တမ်းတွေကိုအခြေခံရိုက်ကူးထားတဲ့ Thai PBS channel ရဲ့ LGBTQ Drama series တစ်ခုဖြစ်ပါတယ်။
ကောင်းကင်ဘုံရဲ့ချစ်သက်သေ " Mhom Ped Sawan (2024) အိမ်ရှေ့စံကို… — အညွှန်းသီးသန့် ချန်နယ် — TG.ME
November 18, 2024 583