Poupelle of Chimney Town (2020)
IMDB (6.4/10)
Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီးအပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့
မြို့လေးက လုဘိချိဆိုတဲ့ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက်ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။
လုဘိချိရဲ့ အဖေဖြစ်သူဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။
အဲ့မြို့ကလူတွေကတော့ "ဟာ ဒီကောင် ငပေါကြီး" ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့်
သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက်ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက်
လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့
အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့
နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း
လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။
#Credit
October 28, 2024 513