ဧကရီလက်စား ” The Empress Of Ayodhaya (2024) ဂျင်ဒါ / ဆရီ ဆုဒါချန်… — အညွှန်းသီးသန့် ချန်နယ် — TG.ME

“ ဧကရီလက်စား ”

The Empress Of Ayodhaya (2024)

ဂျင်ဒါ / ဆရီ ဆုဒါချန် အဖြစ်
Mai Davika Hoorne
ဝါမွန် / ဝါမွန်ဝုန်ဆာထီရတ် အဖြစ် Film Thanapat Kawila

ဇာတ်ညွန်းအကျဉ်း

မြန်မာတွေနဲ့လည်း မစိမ်းတဲ့ သမိုင်းဇာတ်တစ်ခုဖြစ်တဲ့ အယုဒ္ဓနိုင်ငံရဲ့ မိဖုရားအကြောင်းကို အသေးစိတ်ရိုက်ကူးထားတာဖြစ်ပါတယ်

မိဖုရားက ဘုရင့်ကြင်ရာတော် တစ်ပါးအနေနဲ့မဟုတ်ဘဲ ထူးချွန် ဉာဏ်ပညာရှိတဲ့သူတစ်ယောက်ဖြစ်လို့ ဘုရင်းမိဖုရားကနေ တစ်ချိန်မှာ အယုဒ္ဓပြည်ကို ဦးဆောင် အုပ်ချုပ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်.. သည်လိုနဲ့ တိုင်းပြည်ရဲ့ ဩဇာအရှိဆုံးလူဖြစ်လာခဲ့တဲ့အခါ အာဏာမက်မောလာမှုကြောင့်ပဲ ‌နောက်ဆုံးမှာ ဘဝအဆုံးသတ်ခဲ့ရတဲ့ မိဖုရားရဲ့ဘဝ ဇာတ်ကို ကြည့်ရှုရမှာပါ။

အဓိကဇာတ်ကောင်တွေကလည်း နာမည်ကြီးမင်းသမီး ဒါဝိကာနဲ့ မင်းသားဖလင်တို့ဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အတော်မျော်လင့်ထားလို့ရပါတယ် ။ အဲဒါအပြင် သမိုင်းဇာတ်ဆို ထိုင်းရဲ့အသေးစိတ်ကျမှု.. တကယ် ရိုက်ကွက်လှလှလေးတွေနဲ့ ခေတ်နဲ့အညီ အဝတ်အစားဆင်ယင်မှုတွေကိုလည်း သေချာလေး ပြင်ဆင်ရိုက်ကူးထားတာဖြစ်လို့ အခုပဲ ASH Channel မှာ ကြည့်ရှုလို့ရပြီနော်။
October 25, 2024 509