“ ကိုကိုရေးတဲ့ချစ်ပုံပြင် "
Dangerous Innocent (2024)
“ဟိင်"ဟာ အိမ်ဖော်ရဲ့သားဖြစ်ပြီး သူဌေးသမီး"ကျာ" ဆိုတဲ့ခေါင်းမာတဲ့ကောင်မလေးရဲ့ပြိုင်ဘက်ဖြစ်ပါတယ်။ "ကျာ" ဟာ အငယ်ဆုံးသမီးဖြစ်ပြီး အမြဲတမ်းအလိုလိုက်ခံရတာကြောင့် အချိန်မရွေးစိတ်တိုင်းမကျရင်ပေါက်ကွဲနိုင်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ "ကျာ" ရဲ့ဖခင်ဟာ ဇနီးသစ်နဲ့သူမရဲ့မသန်စွမ်းသမီးကို အိမ်ခေါ်လာတဲ့ချိန်မှာ ရုံးရင်းဆန်ခတ်မှုတွေစတင်ပါတော့တယ်။ အမြဲတမ်းအလိုလိုက်ခံရပြီး အချစ်ခံရတဲ့ "ကျာ" ဟာ မိထွေးရဲ့မသန်စွမ်းသမီး သူမထက်အလိုက်ခံရတာမြင်ပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်တဲ့အကြောင်းအရာတစ်ခုကြောင့် သူမဟာလူတိုင်းအမြင်မှာဗိလိန်ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ "ကျာ"ဟာ နိုင်ငံခြားမှာ ပညာသင်ဖို့ပို့ခံရပြီး ၂နှစ်အကြာမှ သူမပြန်လာတဲ့အချိန်မှာ မသန်စွမ်းတဲ့မိထွေးသမီးဟာ ကုသမှုခံယူပြီး "ကျာ" ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ပြီး ဟိင်နဲ့ ပတ်သတ်နေမှန်းသိတဲ့ချိန်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ပြဿနာတွေဖြစ်လာမလဲဆိုတာ Ash နဲ့အတူစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်
2October 29, 2024 702