Ella Bella Bingo [2020]
ကလေးဘဝတုန်းက ကျွန်မတို့တွေ သူငယ်ချင်းတွေကို အရမ်းခင်တဲ့အကြောင်းတွေဝန်မခံခဲ့မိကြပေမဲ့တစ်ယောက်ယောက်ကများ သူငယ်ချင်းအဖြစ်နဲ့ ဝင်လာခဲ့ရင်ကိုယ့်ထက်ပိုခင်သွားမှာကိုတော့ တိတ်တဆိတ်စိုးရိမ်ခဲ့ကြတယ်မလား….
ဒီကားလေးထဲမှာ Ella နဲဲ့ Henry တို့သိပ်ခင်ကြတဲ့သူငယ်ချင်းတွေပေါ့…
သိပ်ခင်တဲ့ သူတို့အကြားကို တခြားမြို့ကပြောင်းလာတဲ့ သူဌေးသားလူပေါ်ကြော့ Jonny တစ်ယောက်ရောက်လာပါတော့တယ် ..
Jonny ဟာပိုက်ဆံချမ်းသာပေမယ့် မိဘတွေကအလုပ်ကြောင့်နေရာခဏခဏပြောင်းရတာမို့သူငယ်ချင်းအတည်တကျမရှိပါဘူး။
Henry ကိုတွေ့ပြီးတော့ သဘောကျသွားပြီ သူနဲ့သူငယ်ချင်းလုပ်ဖို့မျိုးစုံကြိုးပမ်းပါတော့တယ် ..
တစ်ဖက်မှာလည်း သူ့ရဲ့သူငယ်ချင်းကို သူများဆီအပါမခံနိုင်တဲ့ Ella နဲ့ Henry ကိုသူ့သူငယ်ချင်းဖြစ်စေချင်တဲ့ Jonny တို့ရန်ဖြစ်စကားများပြီးပြဿနာတွေ ဆက်တိုက်ဖြစ်ပါတော့တယ်…
ဒီကားလေးက တကယ့်ကိုချစ်စဖွယ်ပါ..သူငယ်ချင်းတွေအကြား ချစ်ခြင်းမေတ္တာကိုပြထားသလို ပြဿနာတွေကြုံရင်လည်း ဘယ်လိုဖြေရှင်းရတယ်ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေပေါင်းစပ်ထည့်ရင်းပြသားထားပါတယ်…
အဆုံးထိကြည့်ချင်သွားအောင် ချစ်စဖွယ်ဇာတ်ရုပ်လေးတွေပါဝင်တာမို့...
October 21, 2024 488