ဒီပွဲမှာတော့ ကစားပုံ က သိသိသာသာ မြန်ဆန်မှု ရှိလာပြီး Fresh ဖြစ်တဲ့ အရသာမျိုး ပေးစွမ်းနိုင်ပါတယ်။
West Ham ရဲ့ အထိုင်မကျသေးတဲ့ ဖွဲ့စည်းမှု ကို အကောင်းဆုံး ဒုက္ခပေးထား နိုင်ပြီး တောင်ပံ နှစ်ဖက် လုံး က လည်း ဒီပွဲ မှာ အတော်လေး အလုပ်ဖြစ်ပါတယ်။
လေ့ကျင့်ရေးလုပ်ရင်း ပေါလ်မား ဒဏ်ရာ ရလို့ လွဲချော်ခဲ့ပေမယ့် အဲစတီဗောဝီလီယံလေး က တည်တည်ငြိမ်ငြိမ်နဲ့ အဆင်ပြေနေပါတယ်။
ဘယ်ခြမ်း က လည်း နက်တို ၊ ကူကူရယ်လာ ဆိုတော့ ပြောစရာ မလိုပါ။