Aug 15, ချဲလ်ဆီးသတင်းများ စုစည်းမှု ကာရေဂါ ဘောလုံးဝေဖန်သုံးသပ်သူ တစ်ယောက် အဖြစ် လုပ်ကိုင်လျက်ရှိသူ ဂျေမီကာရေဂါ က တော့ CWC ပြိုင်ပွဲမှာ ချဲလ်ဆီး ချန်ပီယံ ဖြစ်ခဲ့တာ နဲ့ ပတ်သက်လို့ ဂျေဝင်နေပုံရပါတယ်။ ဒီဆုဖလား ဟာ အရေးပါမှု ကြီးမားတဲ့ ဖလား မဟုတ်ဘူး လို့ ဆိုခဲ့သလို ဒီပြိုင်ပွဲဟာ လည်း မာကျောကျစ်လစ် တဲ့ ပြိုင်ပွဲတစ်ခု မဟုတ်တဲ့ အကြောင်း ဝေဖန်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ် ဂန္ဓဝင် ကစားသမားဟောင်း ဟာ ချဲလ်ဆီး အသင်း နဲ့ ပတ်သက်ရင် အမြဲလိုလို ထိုးနှက်လေ့ ရှိတဲ့ ဝေဖန်သူ တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ အရင် က လည်း ဒီလိုမျိုး ပြိုင်ဘက်အသင်း တွေ ကို ဆိုရင် ထေ့ငေါ့လေ့ ရှိတာကြောင့် သူ့စကား ကို ပြောင်းပြန်ယူရမလိုပါပဲ။ ထောင့်ကန်ဘောစနစ် ဒီလာမယ့် ပရီးမီးယားလိဂ်ရာသီက စလို့ ထောင့်ကန်ဘောတင်ရာ မှာ စည်းကမ်တချို့ကို ပြောင်းလဲ သွားတော့မယ်လို့ ဆိုပါတယ်။ အဲ့ဒါကတော့ ထောင့်ကန်ဘောတင်နေစဉ် အတွင်း တစ်ဦးနဲ့တစ်ဦး ဆွဲထားတာမျိုး ၊ ဖက်ထားတာမျိုးတွေ ပြုလုပ်ပါက ဒီလိုလုပ်တဲ့ ကစားသမား ဟာ အရေးယူခြင်း ခံရတော့မှာ ဖြစ်ပါတယ်။ "ရင်ခွင်ထဲထွေးပွေ့ထားမယ် ခဏလေးတွေ့ခွင့်အချိန်တွေရယ်... နှမြောစရာသိပ်ကောင်းတယ်" ဆိုတဲ့ ကစားသမားတွေ အတွက် တော့ ဒီသတင်းဟာ အိပ်မက်ဆိုးပါပဲ။ ရင်ဘတ်စပွန်ဆာ ချဲလ်ဆီး နဲ့ ဆွေးနွေးနေတဲ့ ရက်ဘတ်စပွန်ဆာ တွေ က တော့ အများအပြားရှိနေပြီး ဖြစ်သလို အပြိုင်အဆိုင်လည်း ဆွေးနွေးနေကြတယ် လို့ သိရပါတယ်။ မနှစ်နဲ့ လက်ရှိ ချဲလ်ဆီးအသင်း ရဲ့ Performance တွေ အရတော့ ဒီရာသီ မှာ ရင်ဘတ်စပွန်ဆာ ဆိုတာ အခက်အခဲကြီး တစ်ရပ်တော့ မဟုတ်တော့ပါဘူး။ လက်ရှိမှာ လည်း ပေါင်သန်း ၆၀ မှ ၇၀ ထိ တန်ကြေးရှိနေတဲ့ စပွန်ဆာသုံးခု လောက် ဆန်ခါတင်ရွေးချယ်ထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် ရေရှည်မှာ ပိုမိုပြီး စီးပွားရေး အရ အကျိုးများမယ့် စပွန်ဆာမျိုး ကို အဓိက ဦးစားပေးရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂါနာချို အပြောင်းအရွေ့ အပိုင်းနဲ့ ပတ်သက်ရင်တော့ ဂါနာချိုရဲ့ သတင်းလေးက ပါဝင်လာပါတယ်။ ချဲလ်ဆီး နဲ့ ယူနိုက်တက် တို့ကြား မှာ ဂါနာချိုနဲ့ ပတ်သက်လို့ ဆွေးနွေးမှု တွေ က အတော်လေး ခရီးပေါက်နေတယ် လို့ သိရပါတယ်။ လက်ရှိ သတင်းတွေ မှာ ဂါနာချို နဲ့ ပတ်သက်လို့ ဝေဝေဆာဆာ ဖော်ပြတာမျိုးတွေ မရှိသေးပေမယ့် နောက်ကွယ်မှာ တော့ ဒါနဲ့ဆန့်ကျင့်ဘက် အရမ်းကို ကောင်းမွန်တဲ့ ဆွေးနွေးမှု ရလဒ်တွေ ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ ချဲလ်ဆီးကြား သတင်းထုတ်ပြန်မှု နည်းနည်းနဲ့ ဆွေးနွေးမှု ကို များများ လုပ်ဆောင်နေကြတာပါ။ အိုမာရီဟူချီဆွန် ဒီကစားသမားလေး ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အာဆင်နယ်အသင်း ထံက နေ အလွတ်နဲ့ ခေါ်ယူခဲ့ပြီး အသင်းမှာ နေရာပေးဖို့ အခက်ခဲရှိတာကြောင့် အဆုံးမှာ Ipswich ထံ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ကစားသမား ဟာ နော်တင်ဟန် ဖောရက်စ် အသင်းထံ ပြောင်းရွေ့တော့မှာ ဖြစ်ပြီး ဒီပြောင်းရွေ့မှု က နေပဲ ချဲလ်ဆီး အသင်း ဟာ အကြမ်းဖျဉ်း ပေါင်၄.၂၅ သန်း ရရှိသွားဦးမှာ ပဲ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ ချဲလ်ဆီး ရဲ့ အပြောင်းအရွေ့တွေ ဟာ အသင်း ဘက် မှာရော , စီးပွားရေး ဘက်မှာပါ အကျိုးများ နေတာ ကတော့ ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ချဲလ်ဆီးသတင်းများ တင်ဆက်ပေးလျက် ရှိသည့် Blue Lion #ချဲလ်ဆီး #bluelion #dailychelseanews
Ko Saw (Blue Lion): post #288 — TG.ME
August 15, 2025 356 1