Ko Saw (Blue Lion): post #285 — TG.ME

ဂါနာချို

ချဲလ်‌ဆီးအသင်းနဲ့ ယူနိုက်တက်တို့ကြောင့် ပထမအဆင့် တရားဝင်တွေ့ဆုံမှု အချို့ရှိခဲ့ပြီး ကောင်းမွန်တဲ့ တိုးတက်မှု တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဂါနာချို ကိုယ်တိုင် ကတော့ ချဲလ်ဆီးဟာ သူ့ရဲ့ ပြတ်သားတဲ့ ရွေးချယ်မှု တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ သတင်းစကားပါးထားလည်း ဖြစ်တာကြောင့် မကြာခင်မှာ ချဲလ်ဆီးဂျာစီ နဲ့ မြင်တွေ့ရတော့မယ့် အနေထားလို့ပဲ သုံးသပ်ရတော့မှာပါ။ ဒါအပြင် ချဲလ်ဆီး အသင်း ရဲ့ တာဝန်ရှိသူတွေ ဟာလည်း ဂါနာချို ဟာ အသင်း အတွက် သင့်တော်တဲ့ ကစားသမား တစ်ဦး ဆိုတာကို အပြည့်အဝယုံကြည်ထားတယ် လို့ လည်း သိရပါတယ်။
❤4
August 12, 2025 275 1