Ko Saw (Blue Lion): post #282 — TG.ME

ဂျက်ဆင်ရဲ့ အပြောင်းအရွေ့ သတင်း တွေ က တစ်နေ့ထက် တစ်နေ့ ညံလာ နေပါတာ အားလုံးအသိပါ။
ချဲလ်ဆီး ဘက် က ပေါင်သန်း၈၀ သတ်မှတ်ထား ပြီး Real Price မှာ တော့ သန်း၆၀ လောက် ထိ ဆင်းမယ့် သဘောဆောင်ပါတယ်။

ဒေးလ်လပ် နဲ့ ဂျာအိုပက်ဒရိုတို့ ဟာ နည်းပြ ရဲ့ Fav Choice ဖြစ်လာသလို ပြီးခဲ့တဲ့ ရာသီတွေ မှာ သက်သေကောင်းကောင်း များများစားစားမရှိထား တဲ့ ဂျက်ဆင်အတွက်တော့ လမ်းခွဲခြင်း ဟာ ကောင်းမွန်တဲ့ အဆုံးသတ် ဖြစ်စေမလား ဆိုတာ ဆုံးဖြတ်သွားရဖွယ် ရှိနေပါတယ်။

လတ်တလော တိုက်စစ်မှူး လိုအပ်ချက်ရှိနေတဲ့ နယူးကာဆယ် ဟာ ချဲလ်ဆီး နဲ့ ဂျက်ဆင်တို့ ကြား က ‌အရွေ့ကို စောင့်ကြည့်လျက် ရှိရာကနေ မှ ယခုရက်ပိုင်း အတွင်း မှာတော့ ပေါင် ၆၅သန်း ဝန်းကျင် နဲ့ လေသံပစ်လာခဲ့ပါတယ်။

ဒီရက်ပိုင်း အတွင်း အဝယ်ကိစ္စတွေ နဲ့ တိုင်ပတ် နေတဲ့ ချဲလ်ဆီးအသင်း ဟာ ဂျက်ဆင်ရဲ့ အပြောင်းအရွေ့ ဘက် ကို အာရုံပြောင်းအဆုံးသတ်တာမျိုး ရှိလာနိုင်ပါတယ်။

တဖက်မှာလဲ ဆိုင်မွန် နဲ့ အမ်ကမ်ကူ ညှိနှိုင်းမှု တွေကလည်း သို့လော၊သို့လော ဆိုတဲ့ အနေအထားကြောင့် ချဲလ်ဆီးတာဝန်ရှိသူတွေ အတွက် ဒီရက်ပိုင်းဟာ အလုပ်များမှာ အသေအချာပါပဲ။



- ကိုစော (NAC) ✍🏻✍🏻✍🏻✍🏻

#bluelion #ချဲလ်ဆီး
#သတင်းများ
❤2
August 11, 2025 293 1