Aug 13, ချဲလ်ဆီးသတင်းများ စုစည်းမှု
အမ်ကမ်ကူ
ခရစ္စတိုဖာ အမ်ကမ်ကူ ကတော့ ဘိုင်ယန်မြူးနစ် ထံ ပြောင်းရွေ့နိုင်ဖို့ ပထမဦးစားပေး အဖြစ် ရွေးချယ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဘက် ကလည်း ဒီရာသီမှာ သူတို့ရဲ့ တိုက်စစ်လိုအပ်ချက် တချို့ကို ဖြည့်တင်းရာမှာ တချိန်က ဂျာမန်မြေမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ဖူးတဲ့ အမ်ကမ်ကူဟာ ရွေးချယ်စရာ တစ်ခုအနေနဲ့ ရှိနေပါတယ်။ လတ်တလောမှာ အသင်းဟောင်း လိုက်ဇစ် ထံပြန်ဖို့ တံခါးဖွင့်ထားတယ် ဆိုသော်လည်း လိုက်ဇစ်က အမ်ကမ်ကူကို တစ်ရာသီ အငှားလောက်နဲ့သာ ခေါ်ယူဖို့ ဆန္ဒရှိနေတာကြောင့် ဒါဟာ အမ်ကမ်ကူ အတွက် အခက်တွေ့စေပါတယ်။
ဂျက်ဆင်
နယူးကာဆယ်ယူနိုက်တက် အသင်း ရဲ့ တာဝန်ရှိသူတွေဟာ ဂျက်ဆင်ရဲ့ ကိုယ်စားလှယ်တွေ နဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး နှစ်ဖက်ဆွေးနွေးမှုတွေမှာ အလားအလာကောင်းတွေ ထွက်ပေါ်တာမျိုး ရှိတယ်လို့ သိရပါတယ်။ ဂျက်ဆင် ကိုယ်တိုင် က ချဲလ်ဆီးမှာ ဆက်ရှိဖို့ အတွက် စဉ်းစားနေရတဲ့ အနေအထားမှာ နယူးကာဆယ်ရဲ့ ချဉ်းကပ်မှု က မျက်စိကျစရာအဖြစ် မှတ်ယူထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်း လိုချင်နေတဲ့ ပြောင်းရွေ့ကြေးပမာဏမျိုး ကို ပေးချေနိုင်တဲ့ အသင်း ဆိုလို့လည်း လက်ရှိမှာ နယူးကာဆယ်လောက် အင်အားတောင့်တင်းနေတာ မရှိပါဘူး။
တိုက်စစ်ကစားသမားအများအပြား ခေါ်ယူဖို့ ရှိနေတဲ့ ချဲလ်ဆီး အနေနဲ့ကလည်း တိုက်စစ်မှာ လူပိုလူလျှံအရမ်းများနေတာဟာ လုပ်ခလစာ အများအပြားကုန်ကျစေနိုင်တာကြောင့် ဂျက်ဆင် ကို ရောင်းချလိုက်တာ က အကျိုးမယုတ်စေမယ့် အလုပ်တစ်ခု ပဲ ဖြစ်ပါတယ်။
ဇာဗီဆိုင်မွန်
တော်တော်လေး အချိန်ကြာလာတဲ့ အပြောင်းအရွေ့တစ်ခုလို့ ဆိုရမှာပါ။ ဇာဗီဆိုင်မွန် ဟာ ချဲလ်ဆီး နဲ့ သတင်းထွက်နေခဲ့တာ လချီခဲ့ပြီ ဖြစ်ပေမယ့် ယနေ့အချိန်ထိတော့ အပြီးသတ်သဘောတူညီမှု ရရှိဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း နဲ့ ကစားသမားကြားမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရ သဘောတူညီမှု ရယူနိုင်သည် ဆိုသော်လည်း မိခင်ကလပ် လိုက်ဇစ် နဲ့ အပြီးသတ် သဘောတူညီမှု ရရှိနိုင်ဖို့ ချဲ လ်ဆီး တာဝန်ရှိသူတွေ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်ဘက် တာဝန်ရှိသူတွေဟာ နေ့တိုင်းဆိုသလို ဒီအပြောင်းအရွေ့အတွက် အလုပ်လုပ်နေကြပါတယ်။ ဆိုင်မွန် အတွက် ချဲလ်ဆီးအသင်းဟာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်နေတာ ကတော့ ချဲလ်ဆီး အတွက် သက်သာရာရစေပါတယ်။ တချို့သော သတင်းတွေမှာတော့ များမကြာမှီမှာပဲ ဒီအပြောင်းအရွေ့ ပြီးမြောက်တော့မယ် လို့ ဆိုကြပါတယ်။
ရီနာတို ဗီရေဂါ
ချဲလ်ဆီးအသင်းနဲ့ အောင်မြင်မှု မရနိုင်တော့သူ ဗီရေဂါ ကို တော့ မနှစ်က သဘောတူညီမှု ရလုဖြစ်ပြီးမှ ပျက်ပြယ်ခဲ့ရတဲ့ ဒေါ့မွန် က စိတ်ဝင်စားနေတယ် လို့ သိရပါတယ်။ ချဲလ်ဆီး အသင်း ဘက် က တော့ ရီနာတို ဗီရေဂါ ကို ဒီရာသီမှာ သေချာပေါက် ရောင်းချမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ ချဲလ်ဆီးသတင်းသီးသန့် တင်ဆက်လျက်ရှိသည့် Blue Lion
#ချဲလ်ဆီး #bluelion
#ချဲလ်ဆီးသတင်းများ
#dailychelseanews
3August 13, 2025 263 1