The short link opens the channel straight in the Telegram app — not in a browser tab.
tg.me/go/DST39Is this your channel? Add @tgme as admin — and see how many people click your links. Get the stats →
Channel created June 9, 2024per Telegram
We have been tracking it since August 25, 2026
In all that time the channel has changed neither its name, nor its @username, nor its avatar.
We show only what we have seen ourselves.
[media, no text]
Tea... my glorious cuppa! counting down for this love ❤️ a cup of tea ကို အင်္ဂလိပ်တွေက a cuppa လို့ စကားပြောမှာ အတို သုံးကြတယ်။ Would you care for a cuppa? လက်ဖက်ရည် သုံးဆောင်ပါဦး ... လို့ ဖိတ်ကြတယ်။ Tea အကြောင်း နည်းနည်း ထပ်ပြောမယ်။ usages လေးတွေပါ။ 📍English is my cup of tea. အင်္ဂလိပ်စာ သိပ်ကြိုက်တာပဲ။ 📍Maths is not my cup of tea. သင်္ချာတော့ သဘောမကျဘူး။ (တစ်ခုခုကို ကြိုက်ရင် It's my cup of tea. ငါ့ရဲ့ လက်ဖက်ရည်ခွက်။ မကြိုက်ရင်တော့ It's not my cup of tea. ငါ့ လက်ဖက်ရည်ခွက် မဟုတ်ဘူး ဆိုတဲ့ idiom ပါ။) 📍I wouldn't do it for all the tea in China. ဘာပဲ ဘယ်လောက်ကြီးလာပေးပေး ငါတော့ အဲဒါကို မလုပ်ဘူး။ (not do something for all the tea in China တဲ့။ တရုပ်ပြည်ကြီးမှာ tea သောက်ကြတော့ လက်ဖက်ခြောက်လည်း တော်တော်များမှာပေါ့။ အဲဒီ China က tea တွေ အကုန် လာပုံပေးအုန်း၊ ငါတော့ အဲဒီအလုပ်ကို မလုပ်ဘူးတဲ့။ Sorry ပဲ။ လုံးဝ မလုပ်ဘူး လို့ သာသာထိုးထိုးပြောပုံ။) 📍You're making a storm in a teacup over this. မင်းဟာ ဘာမဟုတ်တဲ့ ဒီကိစ္စလေးကို ပုံကြီးချဲ့နေတာ။ ( a storm in a teacup တဲ့။ လက်ဖက်ရည်ခွက်ထဲ မုန်တိုင်းကျနေတာ။ ပိုလွန်းလိုက်တာပေါ့။) *ဒီဝါကျမှာ making a storm.... မှာ make အစား have/wage စသည့် verb တွေ ပြောင်းသုံးနိုင်တယ်။ အမေရိကန်တွေကလည်း သူတို့ရဲ့ထုံးစံအတိုင်း British English နဲ့ မတူအောင် ဒီ idiom ကိုပဲ "tempest in a teapot" လို့ ပြောင်းသုံးကြတယ်။ EFL students တွေခမျာ နှစ်မျိုး လိုက်မှတ်ရတာပေါ့နော်။ tempest ကလည်း storm မုန်တိုင်းပဲ။ teacup ကို teapot လက်ဖက်ရည် ကရား လို့ သူတို့က ပြောင်းလိုက်တာပေါ့။ 📍I offered my friend a little tea and sympathy during his time of grief. ဝမ်းနည်း ပူဆွေးနေတဲ့ ငါ့ သူငယ်ချင်းကို လက်ဖက်ရည်လေးတိုက်ပြီး သူနဲ့ ကြင်ကြင်နာနာ အားပေးစကားပြောခဲ့တယ်။ (to offer someone tea and sympathy ဆိုတဲ့ အသုံး) weak tea (လက်ဖက်ရည်ကြဲကြဲ) အားရစရာမကောင်းတဲ့ ကိစ္စ။ ထင်ထားသလို မျှော်လင့်ထားသလို မဖြစ်လာတာမျိုး tea money ကတော့ ဝန်ထမ်းတချို့ကို အဆင်ပြေဖို့ လာဘ်ထိုးရတဲ့ လက်ဖက်ရည်ဖိုး သောက်ချင်တာကတော့ ရန်ကုန်က tea ပဲ။ စိတ်ထဲပေါ်လာတဲ့ usages လေးတွေ ချရေးလိုက်တယ်။ #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း
"The faintest ink is more powerful than the strongest memory." (တရုပ်စကားပုံ) မမေ့အောင် စာနဲ့ချရေးထားလိုက်တာ အကောင်းဆုံးပါ။