"ဘဲစားဘဲချေ" ကို English လိုပြောတတ်ပြီလား 👇
🇲🇲 မြန်မာလိုက 🪿 "ဘဲစားဘဲချေ" ဆိုပေမဲ့
🇬🇧 English လိုကြတော့ "လျှော်ဖွပ်တယ်" ဆိုတဲ့ စကားလုံး 🧼 wash နဲ့ သုံးပြီး ပြောရပါတယ်။
⭐ It's a wash ဆိုတာ English idiom တစ်ခုဖြစ်ပြီး
⚖️ ဘဲစားဘဲချေဖြစ်သည်
🟰 မျှခြေဖြစ်သွားသည်
0️⃣ သရေဖြစ်သည်
စတဲ့ အဓိပ္ပါယ်တွေရှိပါတယ်။
မှတ်ချက်။
⭐ call it a wash လို့လည်း သုံးကြပါတယ်။
Example sentence တွေဖတ်ထားပြီး အလွှတ်မှတ်ထားပါ။
✅ You won the first game and I won the second, so it's a wash.
မင်းပထမပွဲနိုင်တယ်။ ငါ ဒုတိယပွဲနိုင်တယ်။ အဲ့တော့ သရေပဲ ဘဲစားဘဲချေပဲပေါ့။
✅ No, no, I'll pay. You paid for dinner last time, so now we can call it a wash.
ဟေးခဏခဏ။ အရင်တစ်ခါက နင် ညစာရှင်းလိုက်တာလေ။ အခုငါရှင်းလိုက်မယ်။ ဒါဆို ဘဲစားဘဲချေ ဖြစ်သွားပြီပေါ့။
✅ I sold my car for about what I paid, so it was a wash.
ငါပေးရသလောက်ဈေးနဲ့ပဲ ပြန်ရောင်းလိုက်တာကြောင့် မရှုံးဘူးပေါ့ ဘဲစားဘဲချေပဲ။
ဒါလေးလည်းဖြေသွားပါဦး။
✅ If love is a game, does "wash" mean we both pretend to win while silently losing?
ချစ်လိုက်ပြီဆို လူတွေဟာ နိုင်တယ် သရေကျတယ်ဆိုတာမရှိပဲ အရှုံးကြီးပဲ လို့ ဆိုလိုတာဟုတ်ပါသလား။
One to one တစ်ယောက်ချင်းအတန်း အသေးစိတ်ကိုစုံစမ်းချင်လျှင်
Facebook: English with Mario (Messenger)
TikTok: Learn Lite
Telegram/Viber number +959253528899
Telegram username @saisoenge သို့ "Detail" လို့ စာပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီခင်ဗျာ။
Mario 🎓
17.8.2026
#itsawash #fyp #englishwithmario #learnlite