Dr. Soe Than: post #10 — TG.ME

"မင်းကို ကူဖို့နေနေသာသာ ငါ့အလုပ်တောင် ငါပြီးအောင်မလုပ်နိုင်သေးဘူး" လို့ ပြောကြတယ် မဟုတ်လား။ အဲဒီ ...နေနေသာသာ...ဆိုတာကို အင်္ဂလိပ်လို လေ့လာကြရအောင်။ let alone..... ....ဖို့နေနေသာသာ....ဒါလေးတောင်မရပါဘူး ...အဲဒါတော့ ဝေးသေး...ဒါလေးတောင်မလုပ်နိုင်ပါဘူး 1. Ko Ko is incapable of managing a grocery shop, let alone a company. ကုမ္ပဏီတစ်ခုကို ထိန်းချုပ်ကွတ်ကဲဖို့နေနေသာသာ ကိုကိုဟာ ကုန်စုံဆိုင်လေးတောင်မှ မအုပ်ချုပ်နိုင်ပါဘူး။ 2. I don't even have a bicycle, let alone a car. ကားရှိဖို့ဝေးစွ၊ ငါ့မှာ စက်ဘီးလေးတောင် မရှိပါဘူး။ 3. Min Oo doesn't even have a grilfriend, let alone a wife. မိန်းမရှိဖို့ မပြောနဲ့ မင်းဦးမှာ ရည်းစားတောင်မရှိ။ 4. Because of his injuries, he would never walk again, let alone play golf. သူရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဘယ်တော့မှ လမ်းလျှောက်မှာမဟုတ်တော့ဘူး၊ ဂေါက်သီးရိုက်ဖို့တော့ဝေးသေး။ 5. I can't afford beer, let alone champagne. ရှမ်ပိန် သောက်ဖို့နေနေသာသာ ငါ ဘီယာတောင် မတတ်နိုင်ဘူး။ let alone ကို အပြောမှာရော အရေးမှာပါ သုံးကြပါတယ်။ သူနဲ့ အဓိပ္ပါယ်ဆင်တူတဲ့ နောက် အသုံးနှစ်ခုကတော့ not to mention နဲ့ to say nothing of တို့ပါ။ သူတို့ကိုတော့ အပြောမှာ သုံးကြပါတယ်။ ချမ်းမြေ့ကြပါစေ။ #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း

❤370👍84🥰10
June 11, 2024 10.1K