ဒီနောက်ပိုင်းမှာ...... မသိတာတွေကို တွေးမကြောက်တော့ဘူး သိအောင်အားထုတ်လိုက်တယ်။ မဖြစ်သေးတာတွေကို တွေးပူမနေတော့ဘူး အဆိုးဆုံးအတွက်တောင် ကြိုပြင်ထားလိုက်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီးလိုချင်စိတ်မရှိတော့ဘူး အနည်းဆုံးနဲ့ ဖြစ်အောင်နေဖို့ကြိုးစားတယ်။ နားမလည်နိုင်တဲ့သူတွေကိုလည်း လိုက်မရှင်းပြတော့ဘူး ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးဖြစ်တယ်။ ချစ်ခြင်း မုန်းခြင်းတွေနဲ့ အချိန်မကုန်ချင်တော့ဘူး ကိုယ့်စိတ်ကိုသာ ကြည်လင်အောင်ထားတယ်။ ဘဝကို ပျော်အောင်နေတယ်...... ဘဝဆိုတာကိုက တစ်သက်မှာတစ်ခါသာရတဲ့ အခွင့်အရေးပါပဲ။ These days...... I no longer think about the unknown and fear; I try to understand them. I no longer worry about the things yet to come; I prepare myself even for the worst-case scenario. I no longer desire to have many mundane things; I try to practise a minimalist lifestyle. I no longer try to explain those who choose not to understand; I know what I am more than anyone else. I no longer want to spend time on loving or hating; I'd rather keep my mind clear and pure. I try to enjoy my life. Life itself is a once-in-a-lifetime opportunity. မေတ္တာဖြင့် ဒေါက်တာစိုးသန်း Picture credit - Pixabay
331
17
11
3