Dr. Soe Than: post #17 — TG.ME

Happy birthday! အင်္ဂလိပ်လို မွေးနေ့မင်္ဂလာ ဆုတောင်းပေးပုံ 🙏🏻🙏🏻🙏🏻 ကျွန်တော်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ရောက်ပြီဆိုရင် Facebook ပေါ်မှာပဲ "Happy birthday!" .... သိပ်ရင်းနှီးသူဆိုရင် ခပ်တိုတိုပဲ "hpy bdy" သို့မဟုတ် "HBD" လို့ရေးပြီး birthday wish လုပ်လိုက်တာပဲ။ Happy birthday! လို့ တိုတိုရှင်းရှင်းပြောရတာ အားမရလို့ ပိုပြီးလေးလေးနက်နက်လေးဖြစ်အောင် ပုံစံမျိုးစုံနဲ့ပြောလို့ရတဲ့ ဝါကျလေးတွေ..... 🎉Many happy returns လို့ ပြောတာ formal လေးလေးခန့်ခန့်ရှိတယ် (return မှာ "s" အမြဲထည့်ပါ)။ Many happy returns of the day! Many more happy returns! 🎉May နဲ့ စပြီး ဆုတောင်းပေးပုံ..... May your birthday be filled with joy! May all of your dreams come true! 🎉I wish/ I hope နဲ့ ဝါကျစတဲ့ birthday wish လေးတွေ.... I wish you all the best on your special day. I wish you all the love and joy you can imagine. I wish you a wonderful birthday! I hope you have a fantastic day and a fantastic year to come. I hope you have a wonderful birthday. 🎉Wishing နဲ့ ဝါကျစပုံ.... Wishing you many more candles to blow. Wishing you all the best on this special day. 🎉Have နဲ့ စတဲ့ birthday wish ပြုပုံလေးတွေ.... Have a fabulous birthday! Have a smashing birthday! Have a great one! 🎉မိမိထက်ကြီးသူကို လေးလေးစားစား မွေးနေ့ဆုတောင်းပေးပုံ... Here is to another year of success, good health and happiness! ချမ်းမြေ့ကြပါစေ။ With love, Dr.Soe Than

June 13, 2024 8.2K