ဖိနပ် ကျွန်တော်တို့ မြန်မာလူမျိုးတွေစီးကြတဲ့ မန္တလေးဖိနပ်တွေကို ကျွန်တော်တို့က slipper(s) လို့ပဲ လွယ်လွယ်ခေါ်ကြတယ်။ သို့သော် native speaker တွေနားလည်တဲ့ slipper ဆိုတာ အိမ်တွင်းမှာ စီးတဲ့ ပေါ့ပါးတဲ့ ကွင်းထိုးဖိနပ်။ a pair of slippers ဖိနပ်တစ်ရံပေါ့။ ဧည့်ခန်း၊ အိပ်ခန်း စသည်ဖြင့် ကော်ဇောပေါ်မှာစီးလို့ carpet-slippers လို့လည်းခေါ်တယ်။ သူတို့အတွက် slipper ဆိုတာ အိမ်ထဲမှာ စီးတာ။ ဟိုတယ်ခန်းတွေမှာ လာတည်းသူ အခန်းတွင်းမှာစီးဖို့ ထားပေးထားတဲ့ အဝတ်ဖိနပ်တွေဟာ slipper ပေါ့။ ကျွန်တော်တို့ အပြင်ထွက်ရင်စီးနေတဲ့ ခြေညှပ်ဖိနပ်ကိုတော့ သူတို့က flip-flop လို့ခေါ်တယ်။ rubber နဲ့လုပ်ထားတဲ့ ဖိနပ်ပါ။ ဒါကိုပဲ thong လို့လည်း ခေါ်သေးတယ်။ (flip-flop ဟာ နိုင်ငံရေးလောကမှာ စိတ်ဓာတ်မခိုင်မာခြင်း၊ မိမိ၏ ဦးတည်ချက်လမ်းကြောင်းကို ရုတ်တရက်ပြောင်းတတ်လို့ စိတ်မချရတဲ့ သာကူး နိုင်ငံရေးသမားကိုလည်း ရည်ညွှန်းတယ်။) sandal ကတော့ ကြိုးသိုင်းဖိနပ်။ ကွင်းထိုးဖိနပ်ကိုတော့ slides လို့ခေါ်တယ်။ သစ်သားနဲ့လုပ်ထားတဲ့ ခုံဖိနပ်ထူထူကြီးကိုတော့ clog လို့ခေါ်ပါတယ်။ slipper နဲ့ flip-flop ကွဲပြားမှုလေး သိရအောင် ရေးလိုက်တာပါ။ With love, Dr.Soe Than
627
152
12
5
1