❤️စိတ်ငြိမ်းချမ်းချင်ရင် သူများတွေအကြောင်း သိပ်မတွေးနဲ့။ အသေးအဖွဲလေးတွေကို ပုံကြီးချဲ့မတွေးနဲ့။ If you want peace of mind, don't spend too much time thinking about others. Don't let your imagination exaggerate the trivial matters. ❤️စိတ်ငြိမ်းချမ်းချင်ရင် ကိုယ်သွားရမယ့် လမ်းကြောင်းကို ရှင်းရှင်းမြင်အောင်ကြည့်။ ပန်းတိုင်ကိုရောက်အောင် အားစိုက်သွားပါ။ If you want peace of mind, try to see clearly the path you need to take. March forward with might and main till you reach your destination. ❤️စိတ်ငြိမ်းချမ်းချင်ရင် အားချိန်မရှိလောက်အောင် အလုပ်များနေပါစေ။ အလုပ်များနေသူဟာ အဆိုးမြင်စိတ်တွေ ဝင်လာစေဖို့ အချိန်မရှိလို့ သူ့ စိတ်ဟာ ကြည်လင်နေတယ်။ If you want peace of mind, keep yourself busy, so much so that it leaves you no free time. As he has no time to let negative thoughts go through his mind, a busy person can stay pure-minded. ❤️စိတ်ငြိမ်းချမ်းချင်ရင် မလိုတာတွေ မဝယ်နဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံး။ ခြိုးခြံချွေတာပါ။ If you want peace of mind, don't buy unnecessary things. Try to adopt a healthy lifestyle. Try to lead a frugal life. ❤️စိတ်ငြိမ်းချမ်းချင်ရင် ကိုယ်နဲ့မဆိုင်တဲ့ သူများတွေကိစ္စမှာ မပါမိအောင်ကြိုးစားပါ။ မဖိတ်ဘဲနဲ့ အိမ်လည်မသွားနဲ့။ မတောင်းတဲ့ အကြံကို မပေးပါနဲ့။ လူတွေကို ကူညီနိုင်သလောက် ကူညီလိုက်ပါ။ သူတို့ဆီကတော့ ဘာမှပြန်မမျှော်လင့်ပါနဲ့။ If you want peace of mind, always try not to interfere in other people's private affairs. Never visit someone's home uninvited. Never offer unsolicited advice. You may help people as much as you can, but don't expect anything in return from them. #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း Picture credit - Pixabay
313
49
4