ငါ့ရဲ့အမယ်အို
--------------
အိမ်ကအမေရဲ့
ချစ်စနိုးခေါ်တာက
အမယ်အိုလေးတဲ့။
ဆံပင်ရှည်ရှည်
မျက်မှန်ကိုင်းလှလှတဲ့
လှနေတဲ့ငါ့ရဲ့အမယ်အိုလေးကို
အဖေရဲ့ကင်ပွန်းတပ်ပုံက
အဖေ့သမီးလေးတဲ့။
နေနဲ့လ ရွှေနဲ့မြ
လူတကာအားကျလို့
သတ်မှတ်ကြတာက
'မင်းတို့တနေ့လက်ထပ်ကြရမှာ'တဲ့။
သူတို့ပြောလည်းပြောချင်စရာ
ရုပ်ကလည်း နှစ်ကိုယ့်တစ်စိတ်။
ငါ့ရဲ့အမယ်အိုလေး
ငါ့ရဲ့အမယ်အိုလေး။
ဝေး ဝေး ဆွေး ဆွေး။
အဲ့အချိန်ကလှပမှုမျိုး
မင်းရဲ့လက်ရှိလူက
ခံစားခွင့်မရတော့သလို
မင်းကိုဂရုစိုက်ပေးခဲ့သလိုလည်း
ငါ့လက်ရှိကြင်သူက
မရနိုင်တော့ဘူးကွယ့်။
မင်းလည်းမင်းကြင်သူနဲ့
ငါလည်းင့ါအသက်ရှည်ဆေးလေးနဲ့
ကိုယ့်ဘဝနဲ့ကို
ပျော်အောင်နေကြတာပေါ့။
ဝေး ဝေး ဆွေး ဆွေး
ငါ့အမယ်အိုလေး။
-ခွန်းတေဇ
March 4, 2026 319 2