အဆင်မပြေတဲ့နေ့တွေရှိလာတဲ့အခါ စိတ်ဓာတ်ကျစရာကိစ္စတွေကြုံလာတဲ့အခါ ကြိုးစားသလောက်အရာမထင်တဲ့အခါ လက်လျှော့မှရတော့မယ်ဆိုတဲ့အခြေနေအထိကြုံလာတဲ့အခါတိုင်း ကိုယ့်ကိုကိုယ်အားတင်းပြီးတော့မှ
'ငါအတက်နိုင်ဆုံးကြိုးစားသွားမယ် ခက်ခဲမှုတွေက ကြုံနေရအုံးမှာမို့ ၊နာကျင်မှုတွေက ထပ်ရှိနေအုံးမှာမို့ ကိုယ့်စိတ်ကိုပဲမပြိုလဲအောင်ဒီ ဖိစီးမှုဒဏ်တွေကိုရင်ဆိုင်ရဲအောင် မကြာခင်ငါ့ပန်းတိုင်ကရောက်လာတော့မှာ'
ဆိုတဲ့စိတ်တစ်ခုနဲ့အားတင်းထားရတယ်။
ဘဝမှာ အဆင်မပြေတဲ့နေ့တွေ၊ ကိုယ့်ကိုယ်နာကျင်စေတဲ့အရာတွေ၊စိတ်ဓာတ်ကျစရာတွေက သံသရာမှာကြုံနေရတာမို့ ဒီအရာတွေကိုလိုက်ဂရုစိုက် ၊ဒီအရာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ လက်လျှော့ ပစ်လိုက်မယ့်အစား ဒီအရာတွေကခဏတာပဲ ပြီးရင်ပျောက်ကွယ်သွားမှာ ဒီဒဏ်ကိုခံရပြီးရင် ငါ့ရဲ့ပန်းတိုင်နဲ့ငါနဲ့ကပိုပြီးနီးစပ်လာမှာဆိုတယ့်စိတ်နဲ့ အလှပဆုံးပြုံးပြီး အတက်နိုင်ဆုံးဇွဲမလျှော့ပဲကြိုးစားကြည့်လိုက်ပါ။
ရလဒ်ဆိုတာထက် ဘယ်လိုနာကျင်မှုမျိုးကိုခံပြီး ဘဝရဲ့ပန်းတိုင်ကို ဘယ်လောက်ထိ ကြိုးစား နိုင်မလဲ ဆိုတာကိုသာဂရုစိုက်ရမှာ။
#Dee