ဒီခေတ်မှာ လူအတော်များများဟာ "I am different" ဆိုတဲ့ ခေါင်းစဉ်နဲ့ စိတ်ဝေဒနာတစ်ခုလို ဖြစ်နေကြပါတယ်။
အကျိုးအကြောင်းဆင်ခြင်ဉာဏ်ကို ဘေးဖယ်ပြီး လူအများစုက ချီးကျူးတဲ့အရာတွေကို အပြစ်ရှာ၊ ဝေဖန် ကြပါတယ်။ တစ်ချိန်တည်းမှာပဲ လူအများက ပြစ်တင်ရှုံ့ချတဲ့အရာတွေကိုတော့ အမြင်ကွဲလွဲလိုစိတ်၊ ဆန့်ကျင်လိုစိတ် နဲ့ ပြန်လည်အကောင်းပြော၊ ချေပလေ့ရှိကြတယ်။
မှားတာ၊ မှန်တာထက် လူအများနဲ့ ကွဲပြားခြားနားနေဖို့ ကိုသာ ဦးစားပေးလွန်းတဲ့ ဒီစိတ်ဓာတ်ကြောင့် နောက်ဆုံးမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားဖို့ ခက်ခဲ လာပြီး "ငါ ဘာလုပ်သင့်လဲ" ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာမတွေ့တော့ဘဲ လမ်းပျောက်ခြင်း ဆိုတဲ့ အကျိုးဆက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုမဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ဟာ လူတိုင်းနဲ့မတူဘဲ ကိုယ်ပိုင်ဟန်ရှိဖို့ထက် အမှန်တရားကို ရဲရဲဝံ့ဝံ့လက်ခံဖို့၊ အများနဲ့ကွဲပြားရင်တောင် အကြောင်းပြချက် ခိုင်မာဖို့ နဲ့ ကိုယ်ပိုင်သီအိုရီ၊ ခံယူချက်တွေကို ယုတ္တိနဲ့ ဆင်ခြင်တုံတရားနဲ့ ချိန်ထိုးပြီးမှ ရှေ့ဆက်လုပ်ဖို့သာ လိုအပ်ပါတယ်။
အဲ့ဒါမှ ကျွန်တော်တို့အတွက် အမှန်ကန်ဆုံးလမ်းတွေကို မြင်လာနိုင်မှဖြစ်ပါတယ်
@ThePrimeStudyroom


