{CALVUS} Knowledge Sharing for Burmese: post #1023 — TG.ME

ရော်ဒါပြည်သို့အလည်တစ်ခေါက် ---------------------------------------------- ဒီပြည်ဟာဆန်းတယ် ငါ့နှလုံးသားပိုင်နက်ကနေသွားရင် မင်းကြင်နာခဲ့တုန်းက တစ်လှမ်း နှစ်လှမ်း မင်းမကြင်နာတော့ ကုဋေတစ်သန်း။ မင်းရဲ့ပြည်မှာ လူနှစ်ယောက်ဆုံရောက်တယ် ကိုယ်ရယ် မင်းချစ်နေတဲ့သူရယ်။ ကိုကပြည်သားဟောင်း သူကပြည်သားသစ် မင်းဘယ်သူ့ကိုလက်ခံမလဲ။ အတွင်းသတင်းအရ မီးစိမ်းကသူ့ဘက်ပြနေရဲ့။ ပြည်ပြေးသစ္စာဖောက်မို့ အဝင်မခံတော့သလား နောက်လူလာဘ်ထိုးတာများလို့လား။ နောက်ဆုံးထုတ်ပြန်ချက်အရ မင်းကိုယ်တိုင်ဖိတ်ခေါ်ခဲ့တာဆိုလား။ မင်းသယံဇာတကို မသိသူအတွက် ဒါဟာသာမန် သိသူအတွက် နိ​ဗ္ဗာန်။ ပြည်နိုင်ငံမှန်ရင်သူပုန်ရှိသတဲ့။ မင်းမှဝင်ခွင့်မပေးတာဘဲ ကိုယ်ဟာသူပုန်ဆန်ရတော့မှာပေါ့။ မင်းပြည်သူကိုထမင်းဝအောင်ကျွေးထား ထမင်းဝအောင်ကျွေးထား။ ပြည်သားတစ်ယောက်သာ နေထိုင်ခွင့်ပြုတဲ့ မင်းပြည်နယ် ကိုရအောင် ကျူးကျော်မယ် မရ ရအောင်ကျူးကျော်မယ်။ မင်းပြည်သားကိုကာကွယ်ထားလော့ မင်း​ပြည်သားကိုကာကွယ်ထားလော့။ ငါစစ်ကြော်ငြာတယ်။ -ခွန်းတေဇ

November 2, 2025 384 2